Home » » အဆိပ်သင့်စာ ကျွေးမှုနဲ့ ကျောင်းအုပ်ကို ဖမ်းဝရမ်းထုတ်ထား

အဆိပ်သင့်စာ ကျွေးမှုနဲ့ ကျောင်းအုပ်ကို ဖမ်းဝရမ်းထုတ်ထား

Written By Unknown on Tuesday, July 23, 2013 | 9:38 AM

အိန္ဒိယ ​နိုင်ငံမှာ ​အဆိပ်ပြင်းတဲ့ ​ကျောင်းနေ့လည်စာ ​စားပြီး ​ကလေးပေါင်း ​၂၃ ​ဦး ​သေဆုံးမှုဖြစ်ပေါ်ပြီးနောက် ​ပြစ်မှုမကင်း ​ဖြစ်ပြီး ​ပုန်းရှောင်နေတဲ့ ​ကျောင်းအုပ်ကြီးကို ​အိန္ဒိယ ​အာဏာပိုင်တွေက ​ဖမ်းဝရမ်းထုတ်ထား ​တယ်လို့ ​သိရပါတယ်။

ကလေးတွေကို ​ကျွေးတဲ့ ​နေ့လည်စာထဲမှာ ​အဆိပ်ပြင်းတဲ့ ​ပိုးသတ်ဆေး ​ပါဝင်တာကို ​စုံစမ်းတွေ့ ​ရှိခဲ့ပါတယ်။

အနံ့ဆိုးတဲ့ ​စားသုံးဆီကို ​ထမင်းချက်က ​အနံ့မကောင်းတဲ့အတွက် ​မသုံးဘူးလို့ပြောခဲ့ပေမဲ့ ​ကျောင်း ​အုပ်ကြီး ​Meena ​Devi ​က ​အတင်း ​အဓမ္မ ​သုံးခိုင်းတဲ့အတွက် ​ထမင်းချက်က ​သုံးခဲ့တဲ့ ​ပုံ ​ပေါ်တယ်လို့ ​အာဏာပိုင်တွေက ​ဆိုပါတယ်။

သေဆုံးတဲ့ ​အထဲမှာ ​ထမင်းချက်လဲ ​ပါဝင်ပြီး ​ကျောင်းအုပ်ကြီးကတော့ ​ထွက်ပြေး ​ပုန်းအောင်းနေဆဲ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အခုလို ​အဆိပ်ပြင်းတဲ့  ​monocrotophos ​ပိုးသတ်ဆေးကို  ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​အိန္ဒယ ​နိုင်ငံမှာ ​သုံးခွင့်ပိတ်ပင်ဖို့ ​တိုက်တွန်းခဲ့တဲ့ ​နည်းတူ ​သြစတြေးလျ ​နိုင်ငံအပါအဝင် ​နိုင်ငံ ​အတော်များများမှာ ​အဲဒီဆေးကို ​သုံးစွဲခွင့်ပိတ်ပင်ထားပါတယ်။

ABC Radio Australia