Home » » မိတ္ထီလာ အရေးပေါ် အခြေအနေ ရုပ်သိမ်းမည်

မိတ္ထီလာ အရေးပေါ် အခြေအနေ ရုပ်သိမ်းမည်

Written By Unknown on Wednesday, July 17, 2013 | 11:14 AM

နေပြည်တော်၊ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် တည်ငြိမ် အေးချမ်းမှု အတွက် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာချက် အမိန့်ကို ရုပ်သိမ်းမည့် အမိန့် ထုတ်ပြန်မည်ဟု နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်ကို အကြောင်းကြားလာကြောင်း လွှတ်တော်က သတင်း ထုတ်ပြန်ထားသည်။

အရေးပေါ် အခြေအနေ ကြေညာထားသည့် မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ် လေးခုမှာ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်တို့ဖြစ်ပြီး ယင်းမြို့များသည် တည်ငြိမ် အေးချမ်းမှု ရပြီ ဖြစ်သောကြောင့် အရေးပေါ် အခြေအနေ ကြေညာထားသည့် အမိန့်ကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြသည်။

“အဲဒီအမိန့်ကို ရုပ်သိမ်းချိန် တန်ပြီ။ ပြီးခဲ့တဲ့ လွှတ်တော်မှာ အရေးပေါ် အခြေအနေကို တစ်လလောက် ပဲထားဖို့ ပြောဆိုခဲ့သေးတယ်” ဟု မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။

မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ် လေး မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် တည်ငြိမ်မှု ပျက်ပြားလာသဖြင့် နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် ကြေညာ သည့် အမိန့် အမှတ် ၁/၂၀၁၃ ကို မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly