Home » » ၁၁၅ မိုင် ယာဉ်ရပ်စခန်း လုံခြုံရေးနှင် ကျန်းမာရေး စားသောက်ဆိုင်များရှင်း

၁၁၅ မိုင် ယာဉ်ရပ်စခန်း လုံခြုံရေးနှင် ကျန်းမာရေး စားသောက်ဆိုင်များရှင်း

Written By Unknown on Tuesday, July 16, 2013 | 9:42 PM

ရန်ကုန်၊ ဇူလိုင် ၁၆

လမ်းဘေးဈေးသည်များ များပြား လာခြင်းကြောင့် ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းရှိ စားသောက်ဆိုင်များ လုံခြုံရေး နှင့် ကျန်းမာရေး ထိခိုက်မှုရှိလာကြောင်း ယင်းနေရာရှိ လုပ်ငန်းရှင်များက ပြော သည်။

''ဒီနေရာမှာ ပစ္စည်းပျောက်တာ တွေလည်း တော်တော်များများ ဖြစ်လာ တယ်။ ဟိုးတစ်လောတုန်းကဆိုရင် ကားခိုးမှုတောင်ဖြစ်တယ်''ဟု ရွှေခရား ကြီး စားသောက်ဆိုင်ပိုင်ရှင် ဦးကျော် အေးက ပြောသည်။

ယင်းနေရာရှိ ကားရပ်နားရန် ပြု လုပ်ထားသော နေရာများ၌ လမ်းဘေး ဈေးသည်များမှာ ဈေးရောင်းချခြင်း၊ ထ မင်းဟင်းများ ချက်စားခြင်းနှင့် အပေါ့ သွားခြင်းပါ ပြုလုပ်ကြသဖြင့် ကားဝန်း ညစ်ညမ်းကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

သူတို့က ဒီလိုမျိုးတွေ လုပ်နေ တော့ ဆိုင်တွေမှာ
ယင်ကောင်တွေ ရောက်လာတယ်။ စားသုံးသူတွေအ တွက်လည်း မကောင်းဘူးလေ။ ယင် ကောင်းပြေအောင် ဆေးတွေ နှစ်မျိုး၊ သုံးမျိုးရှိပြီး သုံးနေရတာလေ''ဟု Feel စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်စိုးက ပြောသည်။

ယင်းနေရာတွင် ဈေးဆိုင်ဖွင့်နေသူ များက ¤င်းတို့သည် ယခင်က လယ်လုပ် စားနေသူများဖြစ်ကြောင်း၊ ယခုအချိန် တွင် လယ်လုပ်စား၍ မရတော့သဖြင့် ယခုကဲ့သို့ ဈေးလာရောက် ရောင်းချရ ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောင်းချ ရာတွင်လည်း သန့်ရှင်းရေးကြေး ၃ဝဝ ပေးသွင်းနေရကြောင်း ပြောသည်။

အဆိုပါနေရာတွင် လာရောက် ရောင်းချနေသူများသည် ဇေယျဝတီ၊ ဖြူး၊ ဒိုင်းတစ်ရာ၊ မင်းဂံရိုး၊ တုလျှံ စသည့် ရွာနီးစပ်များမှ လာရောက် ရောင်းချနေသူများဖြစ်ပြီး ဈေးဆိုင်ပေါင်း ၂ဝဝ ဝန်းကျင်ခန့် ရှိ ကြောင်း သိရသည်။

''ကိုယ့်ဆိုင် ကိုယ်တာဝန်ယူနေရ တယ်။ လုံခြုံရေးက အားနည်းတယ်။ ခရီးသွားတဲ့သူတွေ ပစ္စည်း အပျောက်အ ရှတွေ ရှိရင်လည်း ဆိုင်ကပဲ တာဝန်ယူ ဖြေရှင်းပေးရတော့ပေါ့''ဟု Pionner စားသောက်ဆိုင် ပိုင်ရှင် ဦးဇော်လှမြင့် က ပြောသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းကို ၂ဝ၁ဝ ခုနှစ်တွင် သက်ဆိုင်ရာမှ တရား ဝင် ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စားသောက်ဆိုင်ပေါင်း ၆ ဆိုင်နှင့် ဓာတ်ဆီဆိုင် ၁ ဆိုင်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၆ ရက်နေ့တွင် လုပ်ငန်းရှင်များ က စာနယ်ဇင်းသမားများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့ကြသည်။

ရန်နိုင် - Popular Myanmar News Journal