Home » » မိုးကောင်းမြို့ မှာ သံဃာအတုအယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးကောင်းမြို့ မှာ သံဃာအတုအယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Written By Unknown on Tuesday, July 23, 2013 | 3:16 PM

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်း ဘူတာတွင် (22.7.2013) ည(113း0) အချိန်၌
သံဃာအတု အယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိပါသည်။

မိုးကောင်းမြို့ သံဃာ့ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့နှင့် မိုးကောင်း ရဲတပ်ဖွဲ့(စခန်းမှူး/နယ်ထိန်း) ဘူတာ မီးရထား ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးရာ ဦးမာဓ၀ (ဦးမျိုးသန့်)အသက်(၄၀)နှစ် ၅/စကန(သ)၀၀၇၉၂၅ အဘဦးချစ်စိန်၊ အမိ-ဒေါ်ဝင်းကြည်၊ ဦးသူရိယ (ကိုသန်းအောင်) အသက်(၃၅)နှစ်
၅/စကန(သ)၀၀၆၇၈၃ အဖ-ဦးတိုးရီ အမိဒေါ်စန်း တို့ ကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ထိုသံဃာနှစ်ပါးကို စစ်ဆေးရာ မူးယစ် စိတ်ကိုပြောင်းလဲ စေတတ်သော ဘိန်းဖြူဟု ယူဆရသော တိုက်ငါးလုံး တံဆိပ် အိတ်များကို မက်ကလောင် ဆေးဘူး(၄)ဘူးတွင် ထည့်ပြီး ယူဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ သံဃာတု နှစ်ပါးအား မူးယစ် ဥပဒေနှင့် အရေးယူရန် မိုးကောင်းမြို့ မ ရဲစခန်းမှ ဆက်လက် ဆောင်ရွက်နေ ကြောင်း သိရသည်။

နယ်သားလေး

by Myanmar News Now