Home » » ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ တောင်းဆို

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ တောင်းဆို

Written By Unknown on Tuesday, July 30, 2013 | 6:48 AM

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ မြန်မာ နိုင်ငံ တဝန်း က လိင်လုပ်သားတွေနဲ့ ဖွဲစည်း ထားတဲ့ ကွန်ရက်ရဲ့ နှစ်ပတ်လည် အစည်း အဝေးမှာ လက်ရှိ မြန်မာ နိုင်ငံ အတွင်း ပြည့်တန်ဆာ တွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ အပြစ် ဒဏ်တွေ ပေးနေတဲ့ ဥပဒေ တွေကို ပြင်ဆင်ပြီး အကာကွယ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

မြန်မာ နိုင်ငံက တည်ဆဲ ဥပဒေတွေဟာ လိင်လုပ် သားတွေကို နှိပ်ကွပ် ဖို့နဲ့ ပပျောက် ဖို့ပဲ ရှိပြီးတော့ သူတို့ကို အကာကွယ် ပေး ထားတာ မရှိတဲ့ အတွက် အခု အခါ မှာ ဥပဒေ အရ ပြုပြင်ပြီး စောင့်ရှောက် ကာကွယ် ပေး နိုင်အောင် လွှတ်တော် အထိကို တောင်းဆိုဖို့ လုပ်ကြတာ ဖြစ်ပါတယ်။

လိင်အရောင်း အဝယ် လုပ်တဲ့ နေရာမှာ ရောင်းတဲ့ သူကိုပဲ ဖမ်းပြီး ဝယ်တဲ့ သူကို ဖမ်းဆီး တာမျိုး မရှိ သေးပါဘူး။ ဒီ ဥပဒေကို အစိုးရ ဘက်ကလည်း ပြင်ဖို့ မရှိဘူး လို့ လွှတ်တော် မှာ ပြီး ခဲ့တဲ့ ရက်ပိုင်းက ပြောထား ပါတယ်။

ဒါ့အပြင် ကွန်ဒွန်ကို သက်သေခံ အဖြစ် ရဲက ဖမ်းဆီးပြီး အခိျု့ တရားရုံး တွေမှာ ရုံးတင် နေတဲ့ အတွက် လိင်လုပ် သား တွေ HIV ကူးစက် ပြန့်ပွားဖို့ အတွက် အန္တရာယ် ရှိနေတယ် လို့ ဒီပွဲ တက်ရောက် ဆွေးနွေး သူတွေက ပြောပါတယ်။

ဒီပွဲဟာ မြန်မာ နိုင်ငံက လိင်လုပ်သား ကွန်ရက်က လုပ်တဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေး ဖြစ်ပြီးတော့ လိင်လုပ်သားတွေ အပြင် ပညာ ရှင်တွေ အလှူရှင် တွေပါ တက်ရောက် ခဲ့ကြ ပါတယ်။

ပွဲ ဖြစ်မြောက်ရေး စီစဉ်သူ တဦး ဖြစ်တဲ့ မနှင်းနှင်းကလည်း လိင်လုပ်သား အများစုဟာ အန္တရာယ် ကြားမှာ ဥပဒေမဲ့ အနိုင်ကျင့် ဖိနှိပ်ခံ ဘဝနဲ့ ရပ်တည်နေ ရတယ် လို့ ပြောပါတယ်။

လိင် လုပ်သားတွေ ဘက်ကတော့ ဥပဒေ တွေကို ပြင်ဆင်နိုင် ဖို့အထိ ပညာရှင် တွေနဲ့ တိုင်ပင်ပြီး လွှတ်တော်ကို ရောက်အောင် ကြိုးပမ်း သွားမယ်လို့ ပြောပါ တယ်။ အစည်းဝေးကို မွန် ရခိုင် ရှမ်း မုံရွာ ကျောက်ပန်းတောင်း ရွှေဘို ပြည် မကွေး ပဲခူး တို့က လိင်လုပ်သား ၈၀ ကျော် တက်ရောက်ခဲ့ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)