Home » » တစ်နှစ်အတွင်း မြန်မာဘက်မှ ၀င်ရောက်လာသူ ၃၀၀၀ ကျော်ကို ဘင်္ဂလာက နှင်ထုတ်ခဲ့

တစ်နှစ်အတွင်း မြန်မာဘက်မှ ၀င်ရောက်လာသူ ၃၀၀၀ ကျော်ကို ဘင်္ဂလာက နှင်ထုတ်ခဲ့

Written By Unknown on Wednesday, July 3, 2013 | 6:55 PM

(နိရဉ္စရာ- ၃  ဇူလိုင် ၂၀၁၃) / မောင်အေး

မောင်တောမြို့နဲ့ မျက်နာချင်းဆိုင် မှာ တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) BGB တပ်ရင်းက တနှစ်အတွင်း မြန်မာဘက်က ခိုးဝင်လာသူ လူပေါင်း ၃၃၀၆ ဦီးကို သူတို့ တပ်ရင်း အနေနဲ့ မြန်မာဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

တပ်ရင်း ထူထောင်တဲ့ ၁၁ နှစ်မြောက်ပြည့်နေ့ အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကာမ်မရုလ် ဟာဆန်က သတင်းထောက်တွေကို ရှင်းလင်း ပြောကြားရာမှာ ခုလို ထည့်သွင်း ပြောကြားတာ ဖြစ်လို့ ဒီနေ့ထုတ် ကော့စ်ဘဇား နယူးစ်မှာ ဖေါ်ပြပါတယ်။

“ ဒီအရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက် ကနေ ၂၀၁၃ ခုနှစ်ဇွန်လ ၃၀ရက်နေ့အထိ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

အခု မြန်မာဘက်ကို အတင်းမောင်းထုတ်ခံရသူ ၃၃၀၆ ဦးဟာ မြန်မာဘက်ကနေ သူတို့နိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်။ စုစုပေါင်း ဖမ်းဆီးမိသူ အရေအတွက် က ၃၃၁၆ ဦးဖြစ်တယ်။ အဲဒီထဲက  ၁၀ ဦးကိုတော့  ရဲလက်ကိုအပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

မလေးရှားကို လှေနဲ့ တရားမ၀င်သွားတဲ့သူ စုစုပေါင်း ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ လူပွဲစား ၈ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၉၁ ဦးက တရားမစွဲဆိုနိုင်ခင်မှာ ထွက်ပြေး လွတ် မြောက်သွားကြတယ်လို့ ပြောပါတယ်။

တနှစ်အတွင်း မြန်မာနဲ့ နယ်စပ်က တဆင့် ဖမ်းဆီးရမိတဲ့ တရားမ၀င် (မှောင်ခို) ပစ္စည်း တန်ဖိုးက တာကာ ၂၃ ကုဋေ ခုနှစ်သန်း ခြောက်သိန်း ရှသ်သောင်း ကိုးထောင် ခြောက်ရာ ရှစ်ဆယ် (မြန်မာကျပ်ငွေ ကုဋေ ၂၃၀ ကျော်) ဖိုးရှိပြီး အမူပေါင်း ၁၃၅၄  ကို တရား စွဲဆိုနိုင်ခဲ့တယ်လို့ ပြောပါတယ်။  မှောင်ခိုသမား ၁၃၅ ယောက်ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

သေနတ် ၇ လက် အပါအ၀င် လက်လုပ် သေနတ် ၅ လက်နဲ့ အခြားလက်နက် ပစ္စည်း မျိုးစုံ ၆ မျိုးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြဆေးပြား အပါအ၀င် မူးယစ်ဆေးဝါး ၁၄ ကုဋေ ငါးသန်း ရှစ်သောင်း ကိုးထောင်ကိုးရာဖိုး  ဖမ်းဆီး မိပြီး အဲဒီအထဲမှာ စိတ်ကြွဆေးပြား ၄၈၃၆၃၃၊ အရက်မျိုးစုံ ၃၇၃၂၄ ပုလင်း၊ ဖန်စီဒိုင်  ၂၁၈ ပုလင်း၊ ချက်အရင် ၁၅၅၉ လီတာ၊ ဆေးခြောက် ၆၅ ကီလိုနဲ့ ဘိမ်း  ၂၀၈ ကီလို တို့ ဖြစ်ပါတယ်။