Home » » လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒစနစ် အမှားကြောင့် တောင်သူများအကြွေးနွံနစ်ရဟုဆို

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒစနစ် အမှားကြောင့် တောင်သူများအကြွေးနွံနစ်ရဟုဆို

Written By Unknown on Monday, July 29, 2013 | 4:32 PM

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒစနစ် အမှားကြောင့် တောင်သူများအကြွေးနွံနစ်ရဟုဆို
လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန၏မူဝါဒ စနစ်အမှားများကြောင့် တောင် သူများ အကြွေးနွံနစ်ခဲ့ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန် ရက်မှဦးတင်ကိုလင်းကပြောသည်။

အစိုးရ၏ လယ်ယာစိုက်ပျိုး ရေးဘဏ်မှ လယ်စိုက်ရာသီများ အတွက် ချေးငွေများ ချေးယူခဲ့ ပြီး ရှစ်လအတွင်း ပြန်လည်ဆပ် ရမည်ဖြစ်၍ တောင်သူများ အ နေဖြင့် ချေးငွေများကို ရှာကြံဆပ် ရာမှ အကြွေးနွံနစ်ရခြင်းဖြစ် ကြောင်း ယင်းကဆိုသည်။

ဦးတင်ကိုလတ်က ''လယ်သ မားတွေက သွင်းအားစုထောက်  ပံ့မှုတွေ လိုတယ်။ ဝါဆို၊ ဝါခေါင် ဆိုရင် လယ်တွေလဲ စိုက်နေပြီ။ စိုက်စရိတ်လိုတယ်။ စိုက်ဘဏ် က ချေးပေးတယ်။ ပြီးတော့ ရှစ် လကြာရင်ပြန်ဆပ်ရမှာ။ စပါးပေါ် လို့ ပြန်ဆပ်မယ့်အချိန်မှာ စပါး ဈေးက မကောင်းဘူး။ ဒီလိုမျိုး ပြန်ဆပ်ဖို့ဆိုတာနဲ့တင် ပတ်ချာ တွေလည်ပြီး ဟိုကအတိုးနဲ့ဆွဲ၊ ဒီ ကအတိုးနဲ့ဆွဲ၊ အဲဒါနဲ့တင် ချာချာ တွေလည်ပြီး အကြွေးသံသရာ ဂယက်က မထွက်တော့ဘူးဖြစ် နေတယ်။ ဒီလိုမျိုး ရှစ်လပေး ချေး မယ့်အစား တစ်နှစ်ဆိုရင်ရော မ ဖြစ်နိုင်ဘူးလား။ သေချာတာတစ် ခုက တောင်တန်းပေါ်မှာ တောင် ယာစနစ်က ပျောက်နေပါပြီ''ဟု ပြောသည်။

ယင်းကဲ့သို့ အကြွေးများ တစ်စတစ်စ များလာခြင်းမှစတင် ကာ လယ်သမားများ လယ်ဆုံးရှုံး မှုများရှိသကဲ့သို့ အစိုးရမှ သိမ်း ဆည်းခြင်းကြောင့် လယ်သမား များ လယ်ပိုင်ဆိုင်ခွင့်မရှိတော့ ကြောင်း ယင်းကဆိုသည်။

လွတ်လပ်သော တောင်သူ လယ်သမားများအသင်းမှ ဦးသိန်း အောင်က ''တောင်သူတွေ စိုက် ချိန်မှာ ချေးငွေမရလို့ အပြင်က အတိုးနှုန်းတွေ ကြီးစွာယူရတယ်။ ဒီကိစ္စက တစ်လနေလို့ မသိသာ ဘူး။ တစ်နှစ်နေလို့ရှိရင်လဲ သိပ် မသိတာဘူး။ နှစ်နှစ် သုံးနှစ်ဆို အတိုးရော အရင်းရော ပေါင်းရင် ထောင်ဂဏန်းကို ကပ်သွားရော။ ဒါတွေကစတင်ပြီး လယ်သမား တွေ အကြွေးနွံနစ်သွားတယ်။ ပြီး တော့ပြန်ဆပ်ဖို့မရှိတော့လယ်အပ် လိုက်ရတယ်။ ဒါတွေကို ကုပ်သွေး စုပ်ချင်တဲ့လူတွေကအပိုင်ကိုင်ထား တယ်။ ပြီးတော့ လယ်မဲ့ယာမဲ့တွေ ဖြစ်ကုန်ရော''ဟု ပြောသည်။

ပဲခူးအနောက်အုပ်စုမှ လယ် သမားဦးမောင်ဌေးက ''ဒီနှစ်စိုက် စရိတ်ချေးငွေကို အကြွေးကျေ မှ ချေးငွေ ချေးမယ်ဆိုတာကို ကြားရော လယ်သမားက စိုက်စ ရိတ်ရှိမှ လယ်စိုက်နိုင်မှာဗျ။ စိုက် စရိတ်မရှိဘဲနဲ့ ဘာကို သွားစိုက် မှာလဲ။ အဲဒါနဲ့ ရှိတဲ့ပစ္စည်းကို ပေါင်ပြီး ရောင်းပြီး အကြွေးဆပ် လိုက်တယ်။ အဲဒါတောင် ချေးငွေ ကို အခုထိမရသေးဘူးဗျ''ဟု ပြောသည်။

အောင်သူ(ဒေးဒရဲ)
Yangon Media Group