Home » » ဝန်ကြီးဦးအောင်မင်းအဖွဲ့ ABSDF ကျောင်းသားတပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးမည်

ဝန်ကြီးဦးအောင်မင်းအဖွဲ့ ABSDF ကျောင်းသားတပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးမည်

Written By Unknown on Wednesday, July 31, 2013 | 6:04 AM

ဦးသိန်းစိန်အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲ ခေါင်းဆောင...်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ လာမယ့် သြဂုတ်လ ၄ ရက်နေ့ကျရင် ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ ABSDF ဗဟိုဌာနချုပ်အပြင် မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပြီး၊ စုစုပေါင်းအယောက် ၃ဝ ကျော်တက်ရောက်မယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက RFA ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ အဓိကထားဆွေးနွေးမှာဖြစ်ပြီး၊ အဲဒီကနေ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

ABSDF ကိုယ်စားလှယ်အဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီကစပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ဆွေးနွေးပွဲတွေစတင်ပြုလုပ်ခဲ့ပြီး ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာကနေ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလထိ တစ်လတာ ပြည်တွင်းလေ့လာရေးခရီးသွားခဲ့ပါတယ်။

အဲဒီအပြင် ABSDF ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မေလကလည်း သမ္မတလက်အောက်မှာ ဖွဲ့စည်းထားတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့သလို၊ ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာလဲ အကြိုညှိနှိုင်းပွဲအဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

RFA Burmese