Home » » သမ္မတနှင့်တွေ့ဆုံပြီးနောက် RCSS ဥက္ကဋ္ဌ သတင်းစာရှင်းလင်းပွဲပြုလုပ်

သမ္မတနှင့်တွေ့ဆုံပြီးနောက် RCSS ဥက္ကဋ္ဌ သတင်းစာရှင်းလင်းပွဲပြုလုပ်

Written By Unknown on Monday, June 10, 2013 | 3:11 PM

နေပြည်တော် ဇွန် ၁၀

နိုင်ငံတော်သမ္မတ ၊ သမ္မတ ရုံးဝန်ကြီးများ၊ ၀န်ကြီးဌာန ဆိုင်ရာများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ရောက်ရှိနေသော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ယနေ့ မွန်းလွဲ ၁ နာရီက မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသို့ပြုလုပ်ရာတွင် ၄င်းတို့ အဖွဲ့အနေဖြင့် ပြည်ထောင်စု အတွင်း ငြိမ်းချမ်းရေးပေါ်ထွက်လာရန် ငြိမ်းချမ်းရေး စောင့်ကြည့် ကြည့်ကြပ်ရေး ကော်မတီတစ်ရပ် ပေါ်ထွက်လာရန်နှင့် ပြည်ထောင်စု ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်အဖြစ် နိုင်ငံတော် ရှေ့ဆက်သွားနိုင်ရန် ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရန် ၊ ကိစ္စရပ်များကို နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဇွန်လ ၁၂ ရက်၌ ရန်ကုန်တွင် တိုင်းရင်းသား ပါတီအဖွဲ့အစည်းများ ၊ နိုင်ငံရေး ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ပြောကြားသည်။

NLA
Popular Myanmar News Journal