Home » » MA60 လေယာဉ်တွေကို မြန်မာနဲ့ အင်ဒိုအထူးစစ်ဆေးမှုလုပ်မယ်

MA60 လေယာဉ်တွေကို မြန်မာနဲ့ အင်ဒိုအထူးစစ်ဆေးမှုလုပ်မယ်

Written By Unknown on Wednesday, June 12, 2013 | 10:51 AM

မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က တရုတ်နိုင်ငံကနေ၀ယ်ယူတဲ့ လေယာဉ်တွေ မတော်တဆ ဖြစ်ခဲ့တာတွေကြောင့် တရုတ်ကနေ ၀ယ်ယူတဲ့လေယာဉ်တွေကို အထူးစစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင် သွားမယ်လို့သိရပါတယ်။

တနင်္ဂလာနေ့တုန်းက တရုတ်နိုင်ငံကနေ၀ယ်ယူတဲ့ ခရီးသည် ငါးဆယ့်နှစ်ယောက်ဆန့်တဲ့ Merpati လေကြောင်းလိုင်းပိုင် MA60 လေယာဉ်တစင်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖက်ခြမ်းမှာရှိတဲ့ လေယာဉ်ကွင်းထဲ အဆင်းမှာ မတော်တဆ ဖြစ်ခဲ့တဲ့အတွက် ခရီးသည်နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တရက်တည်းမှာပဲ မြန်မာနိုင်ငံက လူအယောက်ခြောက်ဆယ်ဆန့်တဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် MA60 တစင်းကလည်း မြန်မာနိုင်ငံ ကောင်းသောင်းလေယာဉ်ကွင်းမှာ လေယာဉ်ပြေးလမ်း လွဲချော်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခုမတော်တစဖြစ်မှုမှာ လေယာဉ်ပေါ်လိုက်ပါလာသူတွေ တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရတာတွေ မရှိပေမယ့် ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ လေယာဉ် မတော်တဆဖြစ်မှုလို့သိရပါတယ်။

လေယာဉ်မတော်တဆဖြစ်မှုတွေဟာ လေယာဉ်စက်ချွတ်ယွင်းမှုတွေကြောင့်လို့ထင်ကြောင်းနဲ့ လေယာဉ်စက်တွေကိုပြန်လည်စစ်ဆေးမယ်ဆိုတဲ့အကြောင်း၊ အဲဒါကြောင့် လေယာဉ်ပျံသန်းမှုတွေကိုရပ်တန့်ထားတာဖြစ်တယ်လို့ မြန်မာ့လေကြောင်းလိုင်းက အရာရှိတဦးဖြစ်တဲ့ ဦးတင်နိုင်ထွန်းက အေအက်ဖ်ပီ သတင်းဌာနကိုပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မေလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက MA60 တစင်း အနောက် ပါပ၀ါ ပြည်နယ်မှာ ပျက်ကျခဲ့တဲ့အတွက် လူနှစ်ဆယ့်ငါးဦးသေဆုံး ခဲ့ပါတယ်။

တနင်္ဂလာနေ့တုန်းက လေယာဉ်မတော်တဆ ဖြစ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံက လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးက အထူးစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်းနဲ့ အခုလုပ်ဆောင်မယ့် စစ်ဆေးမှုတွေဟာ အချိန်သုံးလလောက်အထိ ကြာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ABC Radio Australia