Home » » အိန္ဒိယ နိုင်ငံတွင် ရထား တိုက်မိ၍ ဆင်သုံးကောင် သေဆုံး

အိန္ဒိယ နိုင်ငံတွင် ရထား တိုက်မိ၍ ဆင်သုံးကောင် သေဆုံး

Written By Unknown on Saturday, June 1, 2013 | 8:58 PM

နယူးဒေလီ  မေ  ၃၁

အိန္ဒိယနိုင်ငံ  အနောက်ဘန် ဂေါလ်ပြည်နယ်တွင် မေ ၃ဝ ရက် က  မြန်နှုန်းမြင့် ရထားတစ်စင်း၏ ဝင်တိုက်မှုကြောင့် ဆင်သုံးကောင် သေဆုံးခဲ့ရပြီး  အနည်းဆုံး တစ်ကောင်  ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရထား တိုက်မိမှု ဖြစ်ပွားခဲ့သည့် နေရာမှာ  အနောက်ဘန် ဂေါလ်ပြည်နယ်  ကိုးလ်ကတ္တားမြို့၏ မြောက်ဘက် ၃၈၅  မိုင်အကွာရှိ မာဂရက် သစ်တော အနီးတွင် ဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးရထား  မောင်းသူ၏ ပေါ့ဆမှုကြောင့် ဆင်များကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ မှတ်တမ်းများ အရ အနောက် ဘန်ဂေါလ် ပြည်နယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍ မီး ရထား ဝင်တိုက်မှုကြောင့် သေဆုံး ခဲ့ရသည့် ဆင်အရေအတွက်မှာ အနည်းဆုံး ၄၂ ကောင်ခန့် ရှိပြီဖြစ်ကြောင်း  အိန္ဒိယ သစ်တောဝန်ကြီး ဟီတန်ဘားမန်း က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

အနောက်ဘန်ဂေါလ် ပြည်နယ်တွင် မကြာသေးမီ နှစ်များအတွင်း မီးရထား တိုက်မှုကြောင့် ဆင်များစွာ သေဆုံး ခဲ့ရခြင်းကြောင့်  နိုင်ငံအတွင်းရှိ  လှုပ်ရှား ပြောင်းလဲရေး ဝါဒီများက  ၎င်းဒေသ အတွင်းသို့  ဖြတ်သန်း သွားလာမည့် ရထားများအား အရှိန်လျှော့ မောင်းရန် တောင်းဆိုမှုများ ပြုလုပ် ထားကြောင်း သိရသည်။

Written by  ကေတု (မြ၀တီ)