Home » » လက်ကိုင်ဖုန်း လုပ်ငန်း လွှတ်တော် တားမြစ်

လက်ကိုင်ဖုန်း လုပ်ငန်း လွှတ်တော် တားမြစ်

Written By Unknown on Thursday, June 27, 2013 | 4:57 AM

မြန်မာ နိုင်ငံမှာ လက်ကိုင်ဖုန်း အပါဝင် ဆက်သွယ်ရေး လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး အစိုးရက ကုမ္ပဏီ ၂ ခုကို လုပ်ကိုင်ခွင့် ရှိနေ တာကို ပြည်သူ့ လွှတ်တော်က တားမြစ် လိုက်ပါတယ်။

ဆက်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်း ဥပဒေတွေ မရှိသေးခင်မှာ အစိုးရ အနေနဲ့ ခွင့် မပေးသင့် သေးဘူး ဆိုပြီး အရေးပေါ် အဆို တင်သွင်းပြီး လွှတ်တော်မှာ ကန့်ကွက်သူ မရှိဘဲ အဆိုကို အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီး ဌာနက လာရှင်း တာမျိုး မရှိတော့ ဆက်သွယ်ရေးနဲ့ သတင်း အချက် အလက် ဝန်ကြီး ဌာနက လုပ်ပိုင်ခွင့် မရှိဘဲ လုပ်တာ ဟုတ်မဟုတ် ဆိုတာကို အမတ် တွေက မသိခဲ့ရ ဘူးလို့ ဆိုပါတယ်။

ဆက်သွယ်ရေး၊ တယ်လီဖုန်း ဥပဒေကြမ်း ကလည်း လွှတ်တော်ကို တင်ထားတာ မတွေ့သေးတဲ့ အတွက် ဒီဥပဒေ ထွက်မှ လုပ်ရမယ် ဆိုရင် မြန်မာ နိုင်ငံသားတွေ ဈေးပေါတဲ့ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးဖို့ နှစ်နဲ့ချီ ကြာမြင့် သွားနိုင်တဲ့ အနေ အထား ရှိနေ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)