Home » » မြေနုကျွန်း အငြင်းပွားမှု သတင်းစာ ရှင်းလင်းပွဲက ပြန်လာတဲ့ တောင်သူတွေ ခြိမ်းခြောက်ခံရ

မြေနုကျွန်း အငြင်းပွားမှု သတင်းစာ ရှင်းလင်းပွဲက ပြန်လာတဲ့ တောင်သူတွေ ခြိမ်းခြောက်ခံရ

Written By Unknown on Saturday, June 1, 2013 | 7:13 PM

မန္တလေးတိုင်း ဒေသကြီး  ပြင်ဦးလွင် ခရိုင် မတ္တရာမြို့နယ်မှာ မြွေဆိုသော စကားလုံးပါရွာ(၁၄)ရွာ
ရှိနေပါတယ်။ အဲ ဒီရွာတွေထဲက မြွေမြတဖက် ကျေးရွာ အနီးမှာပေါ်တဲ့ မြေနုကျွန်းမြေကို
မသက်ဆိုင်တဲ့ကျေးရွာ မြေစွန်းကို မြေစားရင်း ဦးစီးမှူးဌာနနှင့် ဌာနအချို့မှ ခွဲဝေချထား
ပေးပါတယ်။

အဆိုပါ မြွေမြစ်တဖက်က ရသင့်တဲ့မြေကို မြေစွန်းက ဌာနဆိုင်ရာများနဲ့ပေါင်းပြီး ရယူ
ထားတဲ့အတွက် နိုင်ငံတော်အဆင့် လူကြီးတွေသိရှိ အရေးယူနိုင်ရန် မြေနုကျွန်း ပြန်ရရန်
မြ၀တီဆရာတော်နှင့် တပည်ဒါယကာကိုမျိုးသန့်တို့တတွေရဲ့ စီစဉ်ပေးမှုဖြင့် မြ၀တီမင်း
ကြီးကျောင်းတိုက်မှာ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းပြ ပြန်တောင်ခံမှုပြုလုပ်ပါတယ်။

ဒီသတင်းစာရှင်လင်းပွဲက အပြန်မှာ တောင်သူတွေကို ရေနံသာရဲစခန်းမှ ရဲနယ်ထိန်းတင်မောင်လွင်က ခြိမ်းခြောက်ပြီး ဖမ်းဆီးမယ်လုပ်လာပါတယ်။

ခြိမ်းခြောက်ခံရတဲ့ တောင်သူတွေမှာ ဦးကျော်ဆန်း(ဘ-ဦးအုန်းမောင်)။ ဦးသန်းရွှေ (ဘ-ဦးသောင်းမောင်)ဦးဇော်သန်း(ဘ-ဦးထွန်းအောင်)။ ဦးမြလွင်(ဘ-ဦးထွန်းအောင်) တို့ ဖြစ်ပါတယ်။

ခြိမ်းခြောက်တဲ့ အပြင် ကိုယ်ရေးရာဇ၀င်ပေးခိုင်း မှတ်ပုံတင်ပြခိုင်း စတာတွေ လုပ်လာပါ
တယ်၊ တောသူတောင်သားတွေရဲ့ မသိနားမလည်မှု အပေါ်လုပ်ပိုင်ခွင့် အလွဲသုံးလာတာ
ပါ။ မြန်မာနိုင်ငံ ရဲတွေလေ့ကျင့်စဉ်က ဘယ်သူအတွက်လည်း ပြည်သူအတွက်ပဲ ဆိုခဲ့ပါ
တယ်။

ခြိမ်းခြောက်ခံရတဲ့ ကြောက်တတ်တဲ့ မြွေမြစ်တဖက်ကျေးရွာ တောင်သူတွေက မြ၀တီဆရာတော်ထံရောက်ရှိလာပြီး သူတို့အား ဖမ်ဆီးချုပ်နှောင်မှာ စိုးရွံ့စွာလာရောက် လျှောက်ထားပါတယ်။

အဆိုပါ ခြိမ်းခြောက်ခံရမှုကို မြ၀တီဆရာတော်မှ တိုင်းဒေသကြီး ရဲမင်းကြီးဦးအောင်နိုင်သူ ထံ ဖုန်းဖြင့်သတင်းပေးတိုင် ကြားထားကြောင်း စုံစမ်းသိရှိရပါတယ်။

သစ်ထူးလွင်