Home » » လူသတ်မှု စွပ်စွဲခံရသူ ဟုန်ပန်တာဝန်ခံ လောစံ(ခ)ရှီကွယ်နှိပ်နှင့် အဖွဲ့  တောခို

လူသတ်မှု စွပ်စွဲခံရသူ ဟုန်ပန်တာဝန်ခံ လောစံ(ခ)ရှီကွယ်နှိပ်နှင့် အဖွဲ့  တောခို

Written By Unknown on Saturday, June 22, 2013 | 11:38 PM

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ၀ိန်းကျော်ရပ်ကွက် စိန်ပန်းနီနီ အအေးဆိုင်၌ ဇွန်လ(၁၈)ရက်နေ့ ည(၇)နာရီ အချိန်ခန့်တွင် အအေးဆိုင်ထိုင် နေသူနှစ်ဦး သေနတ်နှင့် ပစ်သတ်ခံရပြီး၊ တစ်ဦးမှာ ခြေသလုံး  တွင်ဒဏ်ရာရပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံး သွားခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ သည်။

သေဆုံးသူမှာ စိုင်းဝန်းကျောက် ဖြစ်ပြီး၊ ၎င်းဖြစ်စဉ် မတိုင်မီ ဇွန်လ(၁၆)ရက်နေ့၌ စိုင်းဝန်းကျောက်အိမ်အား လောစံအဖွဲ့မှ ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ပြီး၊ ၎င်းဖြိုဖျက်သူနှင့် အအေးဆိုင်၌ သေနတ်ဖြင့် လာရောက် ပစ်ခတ်သူတို့ဧ။် ပုံသဏ္ဍန်မှာ မျက်မြင်သက်သေများဧ။် ပြောဆိုချက်အရ တစ်ပုံတည်းဖြစ်နေကြောင်း၊ လောစံ အဖွဲ့မှဖြစ်ကြောင်း သိရှိရပါသည်။

၎င်းအမှုနှင့် ပတ်သတ်၍ လောစံ(ခ)ရှီကွယ်နှိပ်အား တာချီလိတ်မြို့အချေချ စစ်ဗျူဟာမှခေါ်ယူ၍တာချီလိတ်ခရိုင် အဖွဲ့စုံပါဝင်သော EC အဖွဲ့များမှ စစ်ဆေးမေးမြန်းရာ လောစံမှ ၎င်းတို့အဖွဲ့ပစ်သတ်ခြင်း၊ ဖျက်ဆီးခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

အထက်ပါ အကြောင်းအရာများကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ သိရှိ၍၊ လောစံ၊ ကက်စိန်၊ ဟောင်လိတ်ဥက္ကဌတို့အား ဇွန်လ(၂၀)ရက်နေ့တွင်ကျိုင်းတုံ သို့လာရန် အကြောင်းကြားခဲ့သည်။

အကြောင်းကြားချက်ကို ကိုလောစံမှ သိရှိသွားပြီး၊ ကျိုင်းတုံသို့ မသွားပဲ ၎င်းတို့အဖွဲ့အား စုစည်း၍ ဇွန်(၁၉)ရက်၊ည(၁၁)နာရီအချိန်တွင် လွယ်တော့ခမ်း ဂိတ်ပေါက်မှ တောခိုသွားခဲ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

Myanmar News Now