Home » » သုံးခွမြို့နယ်လူသတ်မှုမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိ

သုံးခွမြို့နယ်လူသတ်မှုမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိ

Written By Unknown on Sunday, June 2, 2013 | 3:34 PM

၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက်ဘက်ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော(၂)ရက်ကျော်ခန့် ကတည်းက ပျောက်ဆုံးနေသော ကိုသန့်ဇင်ဝင်း၏ဖခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုးတုပ်လျက်တွေ့ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည်
နေအိမ်တွင် နောက်ကျောဘက်နေအိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့်လူမှုရေးဖောက်ပြန်ဆက်ဆံနေစဉ် ဦးလှတင် ရောက်ရှိမြင်တွေ့သွားသဖြင့် ကရင်ကြီးမှာထွက်ပြေးသွား ခဲ့ပါသည်။

 ၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှတင်အား လည်ပင်းညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

Myanmar News Now