Home » » နေပြည်တော်ကျောက်မျက်ပွဲ ရတနာအချို့ ပျောက်

နေပြည်တော်ကျောက်မျက်ပွဲ ရတနာအချို့ ပျောက်

Written By Unknown on Monday, June 24, 2013 | 8:02 PM

နေပြည်တော်တွင် ဇွန် ၁၅ရက်မှစတင် ကျင်းပသော အကြိမ်(၅၀)မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်ရတနာအချို့ပျောက် ဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရ သည်။ ယင်းကျောက်မျက် ရတနာ ပျောက်ဆုံးမှုများမှာ ကျောက် မျက်ပွဲ စတင်ဖွင့်လှစ်သော ဇွန် ၁၅ ရက်နှင့်ဇွန် ၁၆ရက်များတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်မျက် ရတနာအချို့ ပျောက်ဆုံးမှုများ နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာ ဇွန် ၁၅ ရက်တွင်ပျောက်ဆုံးသော ကျောက်မျက်ရတနာမှာ ကျောက် စိမ်းလည်ဆွဲဖြစ်ပြီး တန်ဖိုးအား ဖြင့် သိန်းထောင်ကျော်တန်ကြောင်း၊ ဖြစ်စဉ် မှာ ယင်းနေ့မွန်းလွဲတစ်နာ ရီခန့်တွင်ပြသထားသော ကျောက် စိမ်းများပြန်လည်စစ်ဆေးရာ ကျောက်စိမ်း တစ်ပွင့်၃၂-ကာရက်)၊ စိန်သေး ၁၀၃ပွင့် ဝဒသမ၄၅-ကာရက်၊ မိုးစက်ပုံ စိန်၁ရပွင့်၂ဒသမ၁၀-ကာရက် စုစုပေါင်း အလေးချိန် ၂ဝဒသမရ၂ဂရမ်ရှိ လည်ဆွဲ ပျောက်ဆုံးနေကြောင်း သိရှိရ သည့်အတွက် နေပြည်တော်အ မှတ်(၁)မြို့မရဲစခန်းတွင် တိုင် ကြားခဲ့ရာ(ပ)အမှတ် -၅၃/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈ဝဖြင့် အ မှုဖွင့် စုံစမ်း စစ်ဆေး အရေး ယူဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဇွန် ၁၆ရက်တွင်လည်း ပတ္တမြားအရိုင်း ၄ပွင့် အလေးချိန် (၅ဒသမ၄၉-ကာရက်) ပျောက် ဆုံးမှုတစ်ခု ထပ်မံဖြစ်ပွားပြန်ရာ အမှတ်(၁)မြို့မရဲစခန်းမှပင် (ပ)အမှတ်- ၅၅/၂၀၁၃၊ ပြစ်မှု ဆိုင်ရာပုဒ်မ-၃၈ဝဖြင့် ဆက် လက်စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။ ကျောက်မျက်လုပ်ငန်းရှင် ဦးရဲထွဋ်က ''ပြီးခဲ့တဲ့ နေပြည် တော်ကျောက်မျက်ရတနာပွဲမှာ တရုတ်နိုင်ငံသားက အဝယ်ပြ ပြီးနောက်ပိုင်း ကျောက်က ပျောက် သွားတယ်။ သူ့ကိုတော့ ဖမ်းမိ တယ်။ အခု ဘယ်လိုပျောက်လဲ တော့ မသိဘူး။ ပုဂ္ဂလိကကျောက် တွေဆိုရင် သူ့ကုမ္ပဏီကလူ ရှိပြီး သားပဲ။ အခုပွဲစနစ်က လုံခြုံရေး ကောင်းတယ်။ အခု ပျောက်တာ ဆိုရင် ကျောက်ပိုင်ရှင်နဲ့ ကျောက် ကြည့်တဲ့သူရဲ့ အားနည်းမှုကြောင့် ဖြစ်မယ်'' ဟု သုံးသပ်ပြောသည်။

မောင်ပိုင်
Yangon Media Group