Home » » လှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေတိုက်ခတ်၍ သစ်ပင်များလဲကျ

လှိုင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေတိုက်ခတ်၍ သစ်ပင်များလဲကျ

Written By Unknown on Monday, June 3, 2013 | 5:59 PM

၃.၆.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် လှိုင်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ၆ မိုင်ခွဲမှတ်တိုင် အနီးတွင် အမြင့် ပေ ၂၀ ခန့် ၊လုံးပတ် ၁၀ လက်မခန့်ရှိ မဟော်ဂနီပင်သည် မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သို့ လဲကျသဖြင့် ယာဉ်ကြောအနည်းငယ်ပိတ်ဆို့ခဲ့၍ စည်ပင်သာယာလမ်းတံတားတာဝန်ခံ ဦးလေးမြင့် ပါ ၆ ဦးမှရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၁၄၀ အချိန်
ရှင်းလင်းပြီးစီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီး ဆုံးရှုံးမှုမရှိပါကြောင်း သတင်း ရရှိပါသည်။

အလားတူ ၁၂၀၀ အချိန် လှိုင်မြို့နယ်၊ (၅)ရပ်ကွက်၊ ဗဟိုလမ်း၊ ကမာရွတ်ဘူတာရုံအနီးတွင် အမြင့် ၃၅ ပေခန့် လုံးပတ် ၅ ပေခန့်ရှိ ကုက္ကိုပင်သည် မိုးရွာသွန်းမှုကြောင့် မြေပွပြီး ရထား သံလမ်းပေါ်သို့ ကန့်လန့်ဖြတ်လဲကျခဲ့သဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများ နှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ၀ိုင်းဝန်းရှင်းလင်းခဲ့ရာ
၁၃၃၀ အချိန်ပြီးဆုံး၍ ရထားများပုံမှန်သွားလာလျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီး ဆုံးရှုံးမှုမရှိပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါသည်။

Myanmar News Now