Home » » မိတ္ထီလာလေတပ်ရှေ့ ညကင်းစောင့် စစ်တပ် မလျော်သြဇာသုံးပြီး ညအိပ် ကားသမားများအား ထိုးကြိတ်ကန် ကြောက်မှုဖြစ်ပွား

မိတ္ထီလာလေတပ်ရှေ့ ညကင်းစောင့် စစ်တပ် မလျော်သြဇာသုံးပြီး ညအိပ် ကားသမားများအား ထိုးကြိတ်ကန် ကြောက်မှုဖြစ်ပွား

Written By Unknown on Tuesday, June 18, 2013 | 7:04 PM

၁၇၊ ၆၊၂၀၁၃ (မိတ္ထီလာ)

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်သည့် မိတ္ထီလာမြို့ မှာ မိတ္ထီလာ လေတပ်ရှေ့ ညကင်းစောင့်သော ရဲဘော်နှင့် အကြပ်တပ်သားများက မလျော်သြဇာသုံးပြီး ညအိပ် ကားသမားများအား ထိုးကြိတ်ကန် ကြောက်မှုတစ်ခု ၁၇.၆.၂၀၁၃ရက်နေ့ည ၁၁း၃၀နာရီ အချိန်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထိုးခံရသူဖြစ်သော ကိုသက်နိုင်ဦး(ယာဉ်မောင်း)နှင့် ကိုနေသောင်း(ယာဉ်နောက်လိုက်)တို့မှ အခုလို ပြောဆို သွားပါတယ်။

ကျနော်က မန္တလေးကနေ ရန်ကုန်ကို ပဲများ တင်ပြီး ပြန်ဆင်း လာခဲ့ပါတယ်။ ကျနော် မောင်းတဲ့ ၂၂ ဘီးယာဉ်အမှတ်ကတော့ ၆ဂ/၂၆၃၆ ဖြစ်ပါတယ်။ ကျနော်တို့ ညဘက် မိတ္ထီလာကို ဖြတ်မယ်ဆိုရင် အချိန်စောရင် ည(၀၈း၀၀)နာရီ လောက်ဆိုရင် ဖြတ်သန်းခွင့်ရှိပြီး ည(၁၀း၀၀)နာရီ နောက်ပိုင်းဆိုရင်တော့ မိတ္ထီလာ လေတပ်ရှေ့တားမြစ်ထားတဲ့ ဘာရီဂိတ်နားမှာ အိပ်ရပါတယ်။ အခင်းဖြစ်တဲ့ညကလည်း ကျနော်တို့ရောက်တဲ့အချိန် (၁၀း၀၀)နာရီထိုးခါနီးမှာ ရောက်ပါတယ်၊ အဲသည်ဘာရီဂိတ်မှာတာဝန်ကျတဲ့ ရဲဘော်များက ယူနီဖောင်း အပြည့်အစုံ ၀တ်ဆင်ထားခြင်း မရှိဘဲ ထွက်လာပြီး မီးပြပြီးတားလို့ ရပ်ပေးလိုက်တဲ့အခါမှာ မင်းတို့ အခုချက်ခြင်း မီးမှိတ်ပါဆိုလို့ ကျနော်အပါအ၀င် ယာဉ်(၁၅)စီးလောက်က သူတို့ သတ်မှတ်ထားတဲ့ နေရာမှာ အိပ်ရပါတယ်။ ပြီးတော့ မင်းတို့ ကားပေါ်မှာနေပါ
ဘယ်မှ မဆင်းနဲ့လို့ပြောလို့ ကားပေါ်မှာဘဲ အိပ်ပြီး ည(၁၁း၃၀)ကျော်ကျော်မှာ ကျနော်တို့ကို လာနှိုးပြီး ကားပေါ်ရှာမယ်လို့ ပြောပါတယ်။ ကားပေါ်တက်ရှာပြီးနောက် ကျနော်နှင့် ကားစပယ်ယာကို ကားပေါ်ကဆွဲချပြီး မည်သည့် အကြောင်းပြချက်မှ မရှိဘဲ မင်းတို့ လက်နောက်ပစ်ထား ငါတို့ စစ်သားကွဆိုပြီး ကျနော့်မျက်နှာကို ဖြတ်ရိုက်ပါတယ်။ ကျန်သုံးရောက်က ကျနော် ၀မ်းဗိုက်ကို ထိုးကြိတ် ကန်ကြောက်ပါတယ်။ ကျနော့်စပယ်ယာ ကိုနေသောင်း ဆိုရင် အခုဆိုရင်ထိုးကြိတ်ထားတဲ့ဒဏ်ရာကြောင့် ထမင်းမစားနိုင် အလုပ်မလုပ်နိုင်ဖြစ်ပြီး မှီခိုနေရတဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကလည်း အရမ်းကို ခံစားနေရကြောင်း ပြောပါတယ်။ ကျနော်နဲ့အလားတူ ခံရတဲ့ကားကတော့ ကျနော့် အနောက်မှာရှိတဲ့ ဆလွန်းကား တစ်စီးနဲ့ နောက်ထပ်ဆယ်စီးကျော်က ဒရိုင်ဘာ၊ စပယ်ယာများ ဖြစ်ပါတယ်။ ဆလွန်းကားပေါ် ပါလာသူက ကျနော် ၀န်ထမ်းပါလို့ပြောတာကို မင်းတို့ ၀န်ထမ်းဆိုပြီးလူပါးမ၀နဲ့ စောက်ဂရုမစိုက်ဘူးပြောကာ အဲဒီ ၀န်ထမ်းနှင့်အနီးရှိ ဆိုင်ကယ်သမားများကိုပါ ထိုးကြိတ်သွားခဲ့ပါတယ်။

အဆိုပါအဖွဲ့တွင် ပါဝင်သူများကတော့ လေတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် ရဲဘော်နှစ်ဦးတို့ဖြစ်ပြီး သူတို့အားလုံးဟာ အခင်းဖြစ်စဉ်မှာ ယူနီဖောင်းကို အပြည့်အစုံ ၀တ်ဆင်ထားခြင်း မရှိဘဲ စစ်ဘာင်းဘီနှင့် စွပ်ကျယ် အင်္ကျီသာ ၀တ်ဆင်ထားကြောင်း တွေ့ရပါတယ်။ လေးယောက်စလုံးမှာလည်း မူးယစ်သောက်စားထားပြီးမှည(၁၁)နာရီကျော်မှာ အာဏာပါဝါပြပြီး ရိုက်နှက်ခြင်း ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိ အာဏာအပေါ် အလွှဲသုံးစားပြုပြီး မူးယစ်သောက်စား ရမ်းကား အနိုင်ကျင့်သော လေတပ်မှ တာဝန်ကျ တပ်ကြပ်ကြီးနှင့် ရဲဘော်တို့အား သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပေးပါရန် ကိုသက်နိုင်ဦး(ယာဉ်မောင်း)နှင့်  ကိုနေသောင်း (ယာဉ်နောက်လိုက်)နှင့် နစ်နာသူများက ပြောပါတယ်။

မြတ်ကို(ဒေါနမြေ)

Myanmar News Now