Home » » အမှုဖွင့်ခံရသော်လည်း ညောင်ပင်သာကွင်း ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲ

အမှုဖွင့်ခံရသော်လည်း ညောင်ပင်သာကွင်း ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲ

Written By Unknown on Monday, June 10, 2013 | 5:32 PM

ဖြူး၊ ဇွန် ၉

တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ ဘက်စုံစီမံကိန်းမှ လယ်ယာမြေ များ ပြန်လည်ရယူလိုကြောင်း ထွန်တုံးတိုက်ပွဲဆင်နွှဲနေသူများကို ဖြူးမြို့ နယ် ရဲစခန်းက ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားခြင်း ခံနေရသော်လည်း လယ်ယာမြေများ လက်ဝယ်ပြန်မရမချင်း ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲ သွားမည်ဟု ယင်းဆောင်ရွက်မှု၌ပါဝင်သည့် တောင်သူဦးတင်ငွေ ကပြောကြားသည်။

ဇွန်လ ၆ ရက်နေ့တွင် အမှုဖွင့်ခံထားရသော်လည်း ဇွန်လ ၉ ရက်နေ့ တွင် တောင်သူ၈၀ကျော်က ဆက်လက် ထွန်ယက်ကာ လယ်ယာမြေများ တောင်သူလက်ထဲပြန်မရောက်မချင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း လယ်မြေဧက ၁၂ ဒသမ ၅ ဧကခန့် ပ-လ-ဖ နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သူ တောင်သူ ဦးတင်ငွေ က ပြောကြားသည်။

တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ ဘက်စုံ သီးနှံဧက ၂၀၀၀ စီမံကိန်း တွင် ဇွန်လ ၆ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ ၂၆ဦးကို ပိုင်နက်ကျူးကျော်မှုဖြင့် အမှုဖွင့်ထားကြောင်း ဖြူးမြို့နယ် ညောင် ပင်သာ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ၊ပြည်သူ့လုပ်အား နေရာချထားရေး အဖွဲ့(ပ.လ.ဖ)နှင့် အကျိုးတူ လုပ်ကိုင်ခဲ့သူ လယ်သမားများက လက်ရှိ စက်မှု သီးနှံဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အမှတ် (ဃ-၆)။(ဃ-၃)။(ဂ-၇)တန်း စိုက်ကွက်များတွင် ဌာန၏ ခွင့်ပြုချက်မရဘဲ မိုးကြို ထွန်ယက် စိုက်ပျိုးခြင်း များဆောင်ရွက်မှုကြောင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးတင်ငွေ အပါအဝင် တောင်သူ ၂၆ ဦး ကို ဖြူးမြို့ နယ် ညောင်ပင်သာ ရဲတပ်ဖွဲ့စခန်းက (ပ)၁၀၁။ ၁၀၂။၁၀၃။၂၀၁၃၊ ပုဒ်မ ၄၄၄၇။၄၂၇ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

၁၉၇၆ ခုနှစ်မှ စတင်ကာ ပဲခူးရိုးမ သစ်တောကြိုးဝိုင်းများကို (ပ.လ.ဖ) က ခုတ်ထွင် ရှင်းလင်းပြီး လယ်မြေဧက ၂၀၀၀ နီးပါးဖော်ထုတ် ကာ ညောင်ပင်သာကျေးရွာမှ တောင်သူများနှင့် အကျိုးတူ လုပ်ဆောင်ခဲ့ သည်မှာ မှန်ကန်သော်လည်း လက်ရှိတွင် မြတ်အိနြေ္ဒာကုမ္ပဏီနှင့် နိုင်ငံတော်အစိုးရတို့ အကျိုးတူ စိုက်ပျိုး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ညောင်ပင်သာ စိုက်ကွင်းမှူး ဦးသက်ဦး က ပြောကြားသည်။

၂၀၁၃ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ကုမ္ပဏီက စက်မောင်းလုပ်သား များနှင့် ညောင်ပင်သာ စိုက်ကွင်းဝန်ထမ်းများ လယ်ယာမြေ ထွန်ယက်နေ သည်ကို တောင်သူ ၁၀၀ နီးပါးက ဝင်ရောက်တားမြစ်ရာ ယင်းသို့ပြုလုပ်စဉ် ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်ပြောဆိုသည်ဟုဆိုကာ မေလ ၂၅ ရက်နေ့ တွင် ကုမ္ပဏီက အမှုဖွင့်ခဲ့သည့်အတွက် တောင်သူ ၅၁ ဦး ဖြူးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း အမှုရင်ဆိုင်နေရသည့် ဒေသ ခံတောင်သူများက ပြောကြားသည်။

The Voice Weekly