Home » » နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာအုပ်စု၌ မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး

နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာအုပ်စု၌ မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး

Written By Unknown on Monday, June 3, 2013 | 12:53 AM

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် သရက်ချဉ် ကျေးရွာအုပ်စု ဆတ်ချိုတောင် ရွာသစ်ကုန်း တဲတိုက်တွင် ဇွန်လ၂ရက်နေ့ မွန်းလွဲ ၁း၃ဝ နာရီခန့်က ရုတ်တရက်မိုးများ ရွာသွန်းလာပြီး အိမ်တိုင်မိုးကြိုး ပစ်ခံရခြင်းကြောင့် စက်ကွင်းမိကာ မအေးလှိုင်(၃၅) နှစ်-ဘ-ဦးစောအောင် သေ ဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရွာထဲနေ မမြမြစန်းသည် ငရုပ်ခင်း ရေလောင်းနေရာမှ မိုးရွာလာသဖြင့်မအေးလှိုင်၏ တဲတိုက်သို့မိုးခို ရန်အလာတွင် မအေးလှိုင်မှာ ဆံပင်များထောင်လျှက် မှောက်လျားထိုးလဲနေသည်ကိုတွေ့မြင်ခဲ့၇သဖြင့် ရွာသို့ပြန်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူး ထံသတင်းပို့ခဲ့သည်။

အုပ်ချုပ်ရေးမှူးမှ ရွှေပန်းတောရဲစခန်းသို့ ထပ်မံသတင်းပို့ခဲ့သဖြင့် စခန်းမှူး နှင့်ရဲတပ်ဖွဲ့ဝင်များရောက်လာကြပြီး ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်မဟုတ်ကိုသိရှိနိုင်ရန် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
                                                                                
 အဓိပတိဘွား
 ၂/၆/၂ဝ၁၃

by Myanmar News Now