Home » » သေဆုံးသူ စီးပွားရေး တက္ကသိုလ်ကျောင်းသား မြနန္ဒာသုဿန်တွင် ယနေ့မနက်ပိုင်းက သဂြိုလ်

သေဆုံးသူ စီးပွားရေး တက္ကသိုလ်ကျောင်းသား မြနန္ဒာသုဿန်တွင် ယနေ့မနက်ပိုင်းက သဂြိုလ်

Written By Unknown on Thursday, June 27, 2013 | 11:04 AM

မုံရွာမြို့၊ သလ္လာမြို့သစ်ရ့ပ်ကွက်၊ ကျောက္ကာလမ်း၌ တည်ရှိသော ရွှေမင်းသမီး အမျိုးသမီး ဘော်ဒါဆောင်ရှေ့၌ ယခုလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သော အမှောင်ရိပ်ခို လူရိုက်ပွဲကြီးတွင် သေဆုံးသူအား ယနေ့မနက် ၈ နာရီအချိန်ခန့်က မုံရွာပြည်သူ့ဆေးရုံကြီးရှိ အအေးခန်းမှတဆင့် မြနန္ဒာသုဿန်သို့ ပို့ဆောင်သဂြိုလ် ပြီးစီးခဲ့ကြောင်း သိရသည်။

" သုခဟိတ နာရေးကူညီမှုအသင်းနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်" ဟု လိုက်ပါပို့ဆောင်သူတစ်ဦးမှ ဖုန်းမက်စိပ်ဖြင့် မုံရွာတိုင်မ်းသတင်းဌာနသို့ ပြောဆိုသည်။

သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်းဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင်ပညာသင်းယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

“ မောင်ရန်ပိုင်ထွန်း နဲ့ မောင်ရဲရင့်အောင် ဆိုသူနှစ်ယောက်ကတော့ ပွန်းပဲ့နာကျင်ဒဏ်ရာများပဲ ရရှိခဲ့ပါတယ်” ဟု ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသူ အကြီးတန်းရဲအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂)ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုရေးဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Monywa Times