Home » » အရက်မူးပြီး စကားများရာက လူသတ်မှုဖြစ်

အရက်မူးပြီး စကားများရာက လူသတ်မှုဖြစ်

Written By Unknown on Friday, June 28, 2013 | 5:58 AM

အရက်မူးပြီး စကားများရာမှတစ်ဆင့် လူ သတ်မှု ဖြစ်ပွားခဲ့မှုတစ်ခု အင်းစိန်မြို့နယ်တွင် ဇွန် ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ဟန်ဖြစ်ပြီး သူ့အလောင်းကို ဖခင်ဖြစ်သူ ဦးသိန်းမြင့်က လမ်းမပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ရှိစဉ်က မှောက်လျက်အနေအထား ဖြင့် ဦးခေါင်းနောက်စေ့တွင် ဖူးရောင်နေပြီး၊ နဖူးနှင့် ပါးတို့တွင်လည်း ပေါက်ပြဲဒဏ်ရာများ ရရှိပြီး သေဆုံးနေကြောင်း ရဲကို ထွက်ဆို ထား သည်။

ထို့နောက် ဦးသိန်းမြင့်က အဖြစ်မှန်ကို ပတ်ဝန်းကျင်အား မေးမြန်းစုံစမ်းရာ အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်မြင့်ထွန်း (ခ)ကိုခွေးလေးနှင့် သူ့သားတို့ အရက်မူးပြီး စကား များရာမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေတို့က ပြောကြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး သေသူ၏ဖခင် ဦးသိန်းမြင့်က သစ်သားတုတ်ဖြင့် ရိုက်နှက်သူအဖြစ် ကိုလှိုင်မြင့်ထွန်း (ခ) ကိုခွေးလေးကို စွပ်စွဲကာ အမှုဖွင့်တိုင်ကြားလိုက်ပြီး ရဲစခန်းက အမှု အမှတ်(ပ)၆၉၇/၁၃ဖြင့် အမှုဖွင့် ထားသည်။

စွပ်စွဲခံရသူ ကိုလှိုင်မြင့်ထွန်း(ခ)ကိုခွေး လေးကိုလည်း ရဲက ဖမ်းဆီးကာ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်လျှက်ရှိ သည်။ အကယ်၍ ၎င်းကို ပြစ်မှုကျူးလွန်ကြောင်း ရဲက သံသယရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် တရားစွဲမည်ဟုလည်း ရဲက သတင်း ထုတ်ပြန်ထားသည်။

မိုးသူ
by Mizzima - News in Burmese