Home » » လုံခြုံရေး တပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နှင်းမှုကို မကျေနပ်လို့ ဆန္ဒ ပြမှု ကျယ်ပြန့်လာ

လုံခြုံရေး တပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နှင်းမှုကို မကျေနပ်လို့ ဆန္ဒ ပြမှု ကျယ်ပြန့်လာ

Written By Unknown on Saturday, June 1, 2013 | 5:34 PM

တူရကီ နိုင်ငံ မြို့တော် အစ္စတန်ဘူးလ် မြို့လယ်မှာ ထောင်သောင်းချီတဲ့ လူတွေက ညအမှောင်ကျချိန်ထိ ဆက်လက် ဆန္ဒပြနေကြပြီး ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါတယ်။

Taksim ရင်ပြင်မှာ လုံခြုံရေး ရဲတွေကှဆန္ဒပြသမားတွေကို မျက်ရည်ယို ဗုံးတွေ ၊ မီးသတ်ပိုက်တွေသုံးပြီး နှိမ်နင်းခဲ့တာကြောင့် လူတရာကျော် ဒဏ်ရာရခဲ့ပါတယ်။

အနီးက ပန်းခြံကို ကုန်တိုက်အဖြစ် ပြောင်းပစ်မယ့် အစီအစဉ်ကို မကျေနပ်လို့ မနေ့က သောကြာနေ့ မနက်တုန်းက ထိုင် သပိတ် ဆန္ဒပြနေသူကို ရဲက ဖြိုခွင်းရာက အခုလို ရုန်းရင်းဆန်ခတ် ပေါက်ပေါက်လာတာ ဖြစ်ပါတယ်။

ဒှီဆန္ဒပြမှုတွေဟာ အန်ကာရာနဲ့ တခြား မြို့ကြီးတွေဆီကို ကူးစက်သွားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကာ အစိုးရနဲ့ လုံခြုံရေး အဖွဲ့ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေကို မကျေနပ်လို့ တိုးမြှင့် ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)