Home » » မလက်တို လယ် အငြင်းပွားမှု ညှိနှိုင်း

မလက်တို လယ် အငြင်းပွားမှု ညှိနှိုင်း

Written By Unknown on Tuesday, June 4, 2013 | 4:35 AM

ရဲတပ် ဖွဲ့ ဝင် တဦး သေဆုံး ပြီး လူ ၅ဝ လောက် ဒဏ်ရာ ရခဲ့ တဲ့ မအူပင် မလက်တို ငါး ကန် လယ်မြေ အငြင်းပွား မှု တွေ အတွက် လယ် သမား တွေ နဲ့ ကုမ္ပဏီ ၊ ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိ သူ တွေ မအူပင် မှာ ညှိနှိုင်း ခဲ့ကြပါတယ်။

ဒီ ဆွေးနွေး ပွဲ ပြီး သွား ပေမယ့် ပြသနာ ပြေ လည် မှု ရပြီ လို့ မပြော နိုင်သေး ပါဘူး။

ဒီနေ့ ပွဲ ကို ရွှေ ည ဝါ ဆရာတော် ကိုယ်တိုင် တက် ရောက် ညှိ နှိုင်းခဲ့ ပေမယ့် မစုစုနွေး ခေါင်းဆောင်တဲ့ အဖွဲ့က မတက်တဲ့ အတွက် မပြီးပြတ် ခဲ့ဘူးလို့ သိရပါတယ်။

မလက်တိုက အငြင်းပွား လယ် မြေဧက ၁ဝဝဝ မှာ ဧက ၄၅ဝ အတွက် ကရုဏာကြေး ပေးဖို့ ဒေသခံ တွေ နဲ့ ညှိ နှိုင်း နိုင်ပေမယ့် ကျန် တဲ့ ဧက ၅၅ဝ ရဲ့ လယ်ယာမြေ ပိုင်ဆိုင် မှု နဲ့ ပတ်သက် ပြီး ညှိ နှိုင်း နေတာပါ။

ကုမ္ပဏီက နေရာ အစားပေးမယ် ဆိုပေမယ့် အခြား လယ်သိမ်းခံ လယ်သမားတွေ အတွက် ကိုယ်ချင်းစာလို့ မယူလိုဘူးလို့ မလက် တို ဒေ သက လယ် သမား အရေး ဆောင် ရွက် နေတဲ့ ကိုမောင်စိုး က ပြော ပါတယ်။

အောချပ် ကုမ္ပဏီက မလက်တို အုပ်စုက ရွာခြောက် ရွာ မှာ လယ်မြေ ဧက ၁ဝဝဝ ကို ၁၉၉၆ က သိမ်းတယ် ဆိုပြီး အလုပ် လက်မဲ့ ဖြစ်ခဲ့တဲ့ လယ်သမား ၃ဝဝ ကျော် က ၂ဝ၁၃ ဖေဖော်ဝါရီ မှာ လယ်မြေ ပြန်တောင်း ဆို ရာ က လုံ ခြုံရေး တွေ နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပါတယ်။

ဒီနေ့ ညှိ နှိုင်းပွဲ မတက်သူ တွေ နဲ့ မနက် ဖြန် မှာ ရွှေ ညဝါ ဆရာ တော် ဦးဆောင် ပြီး ထပ် မံ ညှိနှိုင်း အုန်းမယ် လို့ လဲ သိရပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)