Home » » လားရှိုး ပဋိပက္ခတွင် ပါဝင်သူ ၂၉ ဦးကို တရားစွဲ

လားရှိုး ပဋိပက္ခတွင် ပါဝင်သူ ၂၉ ဦးကို တရားစွဲ

Written By Unknown on Thursday, June 13, 2013 | 4:15 PM

ရန်ကုန်၊ ဇွန် ၁၂

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၆၀ ဦး အနက် ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် တရားရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း လာရှိုးမြို့မှ ရှေ့နေတစ်ဦးက ပြောကြားသည်။

တရားစွဲဆိုခံထားရသူ ၂၉ ဦးသည် လားရှိုး ဒေသခံများဖြစ်ပြီး ၎င်းတို့ကို အမှတ် (၁) ရဲတပ်ဖွဲ့စခန်းနှင့် အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းတို့က တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့များထံမှ သိရှိရသည်။

တရားလို သက်သေများ ဖြစ်သည့် ရဲတပ်ဖွဲ့ အရာရှိများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို မြို့နယ် တရားရုံးတွင် ဇွန်လ ၁၂ ရက်နေ့က စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီပက် မီးရှို့ခဲ့ရာမှ စတင်ကာ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ခြေချုပ်နှင့် ခံဝန်အက် ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) တို့ဖြင့် မြို့နယ်တရားရုံးတွင် ဇွန်လ ၁၂ ရက်နေ့တွင် တရားစွဲဆို ခဲ့ကြောင်း ယင်း တရားရုံးထံမှ သိရှိရသည်။

ပဋိပက္ခများ ပြုခဲ့သည့် အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်း မီးရှိုခဲ့သူကို အသက် ၄၈ နှစ်အရွယ် ဦးနေဝင်းကို လားရှိုး မြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။

လာရှိုးမြို့တွင် မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

The Voice Weekly