Home » » ပုဂံစေတီရင်ပြင်များပေါ်တွင် ကွန်ဒုံးများ မကြာခဏတွေ့

ပုဂံစေတီရင်ပြင်များပေါ်တွင် ကွန်ဒုံးများ မကြာခဏတွေ့

Written By Unknown on Saturday, June 15, 2013 | 7:06 PM

ရန်ကုန်  ဇွန်  -  ၁၄ ။          ။မြန်မာ့ယဉ် ကျေးမှု၏ အသည်းနှလုံးနေရာ ဖြစ်သည့် ပုဂံဒေသမှ စေတီပုထိုး ရင်ပြင်များပေါ်တွင် ကွန်ဒုံးများ တွေ့လာရကြောင်း ပုဂံတွင် ဧည့် လမ်းညွှန်လုပ်ကိုင်သူများ၏ပြော ကြားချက်အရ သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အလွန်စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်းမြို့ တော်ပုဂံဒေသက စေတီပုထိုးများ တွင် မဖွယ်မရာကိစ္စများကို ပြု လုပ် လျက်ရှိပြီး ကွန်ဒုံးများကို စည်း ကမ်းမဲ့စွန့်ပစ်လျက်ရှိကြောင်း ယင်း တို့၏ ပြောကြားချက်အရ သိရ သည်။ ဧည့်လမ်းညွှန်ဦးဆန်းဝင်းက ''ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့ ပြချင်တဲ့နေရာခေါ်သွားကာမှ သူတို့မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့ဖယ်ပစ်ရတယ်။ ပုဂံလို ထူးခြားပြီး သာသနိကအဆောက် အအုံတွေရှိ တဲ့နေရာ မှာ ဒါတွေရှိ နေတာဟာ မကောင်းပါဘူး''ဟု ပြောသည်။

ဧည့်သည်တွေ ကို ဗျူးလေး ကောင်း လို့ ပြချင်တဲ့နေရာခေါ်သွားကာမှ သူတို့  မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့  ဖယ်ပစ်ရတယ်။

အခါကြီးရက်ကြီး အားလပ် ရက်များတွင် ဟိုတယ်သို့ မသွားနိုင်သည့် သာမန် လက်လုပ်လက်စား စုံတွဲများမှာ လူသွားနည်းသည့် ဘုရားများ၊ လမ်း မကြီးများ နှင့် ဝေးသည့် ပုထိုးများ တွင် မဖွယ်မရာများ ပြုလုပ်ပြီး ကွန်ဒုံးများကို ယင်းကဲ့သို့ စွန့်ပစ် နေကြကြောင်း သိရသည်။

''FDI တိုးတွေဟာ ဧည့်လမ်း ညွှန်တို့၊ ကားဆရာတို့မပါဘဲ လမ်း ညွှန်စာအုပ်နဲ့ ချောင်ထဲက စေတီ ပုထိုးတွေ ထိသွားလေ့ရှိတယ်။ နောက်တစ်ခါတ လေကျရင် အဲဒါ တွေကို ချောင်းပြီး ကင်မရာရိုက် နေတဲ့သူတွေကိုလည်း တွေ့ဖူး တယ်''ဟု  Myanmar Voyages International Tourism  ကုမ္ပဏီမှ ဒေါ်ဝါဝါလေး က ပြော သည်။ ဧည့်လမ်းညွှန်များ၊ စား သောက်ဆိုင်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ပုဂံဒေသ တွင် လုပ်အားပေးအမှိုက်ကောက် မှုများရှိ နေကြောင်း ယင်းကဲ့သို့ အမှိုက် ရှင်းလင်းသည့်အဖွဲ့ အနေ ဖြင့်လည်း အဆိုပါကွန်ဒုံးများကို လမ်းတွင် များပြားစွာတွေ့ရှိနေရ ကြောင်း သိရသည်။

''ဒီလို ကိစ္စမျိုးတွေက လူ့ကျင့် ဝတ်နဲ့ သက်ဆိုင်တယ် စည်းမျဉ်း စည်းကမ်းထုတ်စရာမလိုဘူး၊ ထုတ် ရင်ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလိုဖြစ်မယ်။ ဗုဒ္ဓဘာသာ တွေ ဆိုရင် စောင့်ထိန်းရမယ့်အသိရှိရ မယ်။ ဆိုင်းဘုတ်ထောင်စရာကို မလိုတာအရေးယူဖို့လည်း ပုဂံဆို တာက အကျယ်ကြီး ဒီဌာနမှာရှိ တဲ့ လူအင်အား နဲ့ လဲမဖြစ်နိုင် ဘူး''ဟု ပုဂံရှေးဟောင်းသုတေသ န၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်ဦးနိုင်ဝင်းက ပြောသည်။

ရွှေနု ၊ မေသက်ဇင်

Yangon Media Group