Home » » ကလေးနဲ့တမူးခရိုင်တွေမှာ အရာရှိသစ်တွေနဲ့ အစားထိုးတာဝန်ပေး

ကလေးနဲ့တမူးခရိုင်တွေမှာ အရာရှိသစ်တွေနဲ့ အစားထိုးတာဝန်ပေး

Written By Unknown on Friday, June 28, 2013 | 10:24 AM

ကလေး ၊ ဇွန်  ၁၉ -  ကလေးမြို့ နဲ့ တမူး မြို့က  မြို့နယ်ရဲတပ်ဖွဲ့မှူး နဲ့    ခရိုင်  ရဲတပ်ဖွဲ့မှူး  တွေကိုယခုလ ၁၅ ရက်နေ့ကစတင်စုံစမ်းစစ်ဆေး  နေပြီး သူတို့နေရာကို အခြား ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ပေးထားတယ်လို့  သိရပါတယ်။

အရင်မြို့နယ်မှူး နဲ့ခရိုင်ရဲ မှူးကို ခရိုင်ရုံးထဲမှာပဲ  လွတ်လွတ်လပ်လပ် ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပဲစစ်ဆေးနေ တာဖြစ်ပြီး ရဲတပ်ဖွဲ့ ခုံရုံးကပဲစီရင်ချက်ချမှာပါလို့ ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးအသစ် အဖြစ်တာဝန်ယူနေတဲ့ ဒုရဲမှူးကြီး သိန်းဝင်းကပြောပါတယ်။

သူကပဲ တမူးရဲတပ်ဖွဲ့ကခရိုင်မှူးဆိုလဲတမူးမြို့နယ် ရဲစခန်းမှာတွဲဖက် တာဝန်ချထားပေးတယ်လို့  ပြောပါတယ်။

အခုလက်ရှိ စစ်ဆေးခံနေရတဲ့သူတွေကခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ ခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင်၊ ရဲစခန်းကနယ်ထိန်း ခေါင်းဆောင်နဲ့ တာဟန်းရပ်ကွက်က စခန်းမှူး တို့ပါတယ်လို့သိရပါတယ်။ ဦးက မကွေးက ပြောင်းလာတာ ၊မြို့နယ်မှူးက ရေဦးက ပြောင်းလာတာလို့ ကလေးခရိုင်ရဲတပ်ဖွဲ့ မှူးအသစ်က ပြောပါတယ်။

ခေမဏီ

The Modern News Journal