Home » » အငြင်းပွားလယ်မြေ ဝင်ရောက်စိုက်ပျိုးမှု တိုင်ကြား

အငြင်းပွားလယ်မြေ ဝင်ရောက်စိုက်ပျိုးမှု တိုင်ကြား

Written By Unknown on Friday, June 7, 2013 | 6:45 PM

တောင်ငူ၊ ဇွန် ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် (KNU တပ်မဟာ၂ နယ်မြေ) တပြေး ကျေးရွာအုပ်စုရှိ မတ်လကတည်းက ပိုင်ဆိုင်မှုအငြင်းပွားနေသော လယ်ယာမြေဧက ၂၀၀ နီးပါးကို မူလ လယ်ပိုင်ရှင်များက မေလ ၂၆ ရက်နေ့တွင် စိုက်ပျိုးထွန်ယက် နေသဖြင့် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးထံ တိုင်ကြားထားကြောင်း လက်ရှိ လုပ်ကိုင်နေသူများက ပြောကြားသည်။

"စပြီးစိုက်တဲ့နေ့ကတည်းက ထန်းတပင် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ သူက ပြဿနာမဖြစ်အောင် နေပါ။ သည်းခံပါ။ အမှုအခင်း မဖြစ်အောင်နေပါပဲ ပြောတယ်" ဟု ထန်းတပင်မြို့နယ် တပြေးကျေးရွာနေ လယ်မြေဆုံးရှုံးသူ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်အောင်က ရှင်းပြသည်။

ယင်းမြေများသည် ၁၉၇၈-၇၉ ခုနှစ်တွင် ထန်းတပင်မြို့နယ် ဆိပ်ကြီး ကျေးရွာနေ တောင်သူအချို့က လုပ်ကိုင် စားသောက်ခဲ့သော်လည်း နိုင်ငံတော် အစိုးရထံ တာဝန်ကျေစပါး ပေးသွင်းနိုင်ခြင်း မရှိ၍ နောက်ပိုင်းတွင် စိုက်ပျိုးခြင်း မရှိသောကြောင့် လက်ရှိလုပ်ကိုင်သူများ၏ မိဘ ဘိုးဘွားများက ၁၉၈၀ ပြည့်နှစ်မှ စတင်ကာ နှစ်ပေါင်း ၃၃ နှစ်နီးပါး လုပ်ကိုင်ခဲ့သည့် မြေများဖြစ်သည်ဟု လက်ရှိလုပ်ကိုင်နေသူ တောင်သူများက ဆိုသည်။

အငြင်းပွား လယ်ယာမြေများကို မေလ ၅ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတပ်မဟာ (၂)မှ တပ်ရင်မှူး ဗိုလ်မှူးစောမောင်ရွှေက မြေယာစီမံခန့်ခွဲမှု ပြုလုပ်မည် ဟုဆိုကာ မြေယာတိုင်းတာခြင်း၊ ငုတ်တိုင်များ စိုက်ထူခြင်းများ ပြုလုပ်သောကြောင့်
မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ တင်ပြခဲ့ရာ မြို့နယ်မြေယာခန့်ခွဲမှု ကော်မတီက တားမြစ်စာ ထုတ်ပြန်ခဲ့ရကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

ယင်းမြေယာ အငြင်းပွားမှုကို မြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီက အထက်သို့ အဆင့်ဆင့် တင်ပြထားကြောင်း ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်မြေယာခန့်ခွဲမှု ကော်မတီဝင် ဦးမြသက်မောင်က ပြောကြားသည်။

အဆိုပါ လယ်ယာမြေများသည် ထန်းတပင်မြို့နယ် တပြေးကွင်းအမှတ် ၄၆၂/ ခ ကွင်းနှင့် ဆိပ်ကြီးကွင်းအမှတ် ၄၆၈/က-ခရှိ လယ်ယာမြေဧက၂၀၀ ကျော် ကို မူလလယ်ယာမြေ လုပ်ကိုင်ခဲ့သူနှင့် လက်ရှိ လုပ်ကိုင်နေကြသူများ အကြား မတ်လ (လယ်

The Voice Weekly