Home » » လှိုင်သာယာက တရုတ်ဆံပင်တုစက်ရုံမှာ အလုပ်သမားတွေ ထောင်နဲ့ချီ ဆန္ဒပြ

လှိုင်သာယာက တရုတ်ဆံပင်တုစက်ရုံမှာ အလုပ်သမားတွေ ထောင်နဲ့ချီ ဆန္ဒပြ

Written By Unknown on Tuesday, June 11, 2013 | 10:13 PM

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံသားပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမား ၁၆ဝဝ ကျော်ဟာ ရှားပါးစရိတ် ကျပ်နှစ်သောင်းတိုးပေးဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ မနေ့ကစလို့ စက်ရုံတွင်း မီးပိတ်ပြီး အလုပ်မလုပ်ပဲ အေးဆေးစွာနဲ့ တောင်းဆို ဆန္ဒပြနေကြတာလို့ အဲဒီစက်ရုံမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားတွေရဲ့ အမှုဆောင် ဥက္ကဌ မငြိမ်းငြိမ်းအိက RFA ကို ပြောပါတယ်။

Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ တစ်လကို ၃ သောင်းကျော်သာ ရရှိတာဖြစ်ပြီး ရှားပါးစရိတ်အတွက် လစာကျပ်နှစ်သောင်း တိုးမြှင့်ပေးရေး၊ တစ်နှစ်မှာ ရှောင်တခင်ခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁ဝ ရက်၊ ဆေးခွင့် ၃ဝ ရက် ဥပဒေနဲ့အညီ ခံစားခွင့်ပြုရေး၊ အဆောင်နေ အလုပ်သမားတွေအတွက် မီး၊ ရေ လုံလောက်စွာစီစဉ်ပေးရေးစတဲ့ အချက်တွေအပါအဝင် အချက် ၁၆ ချက်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

အလုပ်ရှင်ဖက်က တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိရင် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

RFA Burmese