Home » » မက်စ်မြန်မာ ဦးဇော်ဇော် ရထားသည့် လယ်ဧက ၅ သောင်းကျော် ပြန်ပေးမည်

မက်စ်မြန်မာ ဦးဇော်ဇော် ရထားသည့် လယ်ဧက ၅ သောင်းကျော် ပြန်ပေးမည်

Written By Unknown on Thursday, June 6, 2013 | 2:54 PM

ဧရာရွှေဝါနဲ့ မက်စ်မြန်မာစီးပွားရေးလုပ်ငန်းတွေကနေ ရယူထားတဲ့ ဧရာဝတီတိုင်းအတွင်းက လယ်ဧက ၅ သောင်းကျော် မူလပိုင်ရှင် လယ်သမားတွေကိုပြန်ပေးတော့မယ်လို့ လွှတ်တော် လယ်ယာမြေ အသိမ်းခံရမှု စုံစမ်းရေးကော်မတီဝင် ဦးအောင်သိန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီလယ်တွေ ပြန်ပေးဖို့ ဦးဇော်ဇော်က ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်ဆီကို စာနဲ့ တင်ပြတာ ဖြစ်ပြီး ဦးတင်ထွတ်ကလည်း လယ်မြေပြန်ပေးတာ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ အပတ်က လွှဲအပ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်တွေအနက် အဆောက်အဦဆောက်ထားတဲ့ မြေနေရာတွေကိုတော့ လျော်ကြေးပေးမှာဖြစ်ပြီး ကျန်တာတွေကိုတော့ လယ်မြေ ပြန်ပေးမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

မကြာသေးခင်ကာလတုန်းကလည်း ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇဟာ သူတို့ ရယူထားတဲ့ ရေနက်ကွင်း လယ်တွေ မူလပိုင်ရှင်တွေဆီ ပြန်ပေးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

by ဒီဗွီဘီ