Home » » သြစီရေကူးသမား ကျူးဘားကနေ အမေရိကန်နိုင်ငံကို လက်ပစ်ကူးသွား

သြစီရေကူးသမား ကျူးဘားကနေ အမေရိကန်နိုင်ငံကို လက်ပစ်ကူးသွား

Written By Unknown on Thursday, June 13, 2013 | 10:40 AM

သြစတြေးလျနိုင်ငံက မာရသွန်ရေကူးသမားဟာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံ ဆက်ဆံရေးကောင်းမွန်ဖို့နဲ့ ကင်ဆာရောဂါသုသေသန ရံပုံငွေအတွက် ငါးမန်း ရန်ကို ကာကွယ်ပေးတဲ့ သံစကာတွေမပါပဲ ဂျူးဘားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ရေကူးပြီး စံချိန်တင်နိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် မာရသွန်ရေကူးသမား Chloe McCardel က ကျူးဘားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ၆၅ နာရီကြာ လက်ပစ်ကူးသွားမှာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း ဘာအကာအကွယ်မှ အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် သူ့ကို ကူညီဖို့ ၃၂ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အဲဒီထဲမှာ မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူနဲ့ ဆေးဆရာဝန်တွေ ပါဝင်ပါတယ်။

သူမအနေနဲ့ အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်စေဖို့အပါအဝင် ကင်ဆာရောဂါသုသေသနအတွက် ရပုံငွေရှာဖွေတဲ့အနေနဲ့ ခုလို စွန့်စားရတာဖြစ်ကြောင်း ရေကူးသမား Chloe က ပြောပါတယ်။

၆၅ နာရီလောက်ကြာမယ့် ရေကူးခရီးစဉ်အတွင်း သူ့မအနေနဲ့ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေက ပင်လယ်ရေစီးလမ်း ဖြတ်ကူးတာတွေ၊ ငါးကျောက်ကျောရန်တွေနဲ့ ငါးမန်းရန်တွေ ကြုံတွေ့နိုင်ပြီး သူမမှာရှိတဲ့ အင်အားတွေနဲ့ပဲ တွန်းလှန်သွားမယ်လို့ ပြောပါတယ်။

ဒီရေကူးမှုဟာ ကမ္ဘာ့ပေါ်မှာ အခက်ခဲဆုံးသော ရေကူးမှု ဖြစ်ပြီး သူ့မအနေနဲ့ ရေစိုခံဝတ်စုံကို ဝတ်မှာမဟုတ်သလို၊ ငါးမန်းရန်ကို ကာကွယ်ပေးမယ့် သံစကာတွေကို အသုံးပြုမှာ မဟုတ်တဲ့အကြောင်း၊ မှီခိုစရာ အရာပစ္စည်းကိုလည်း ကိုင်ဆောင်မှာမဟုတ်သလို လှေတစီးစီးပေါ်လိုက်ပါသွားမှာ မဟုတ်ဘူးလို့လည်း သြစတြေးလျနိုင်ငံသား မာရသွန်ရေကူးသမား Chloe McCardel က ပြောလိုက်ပါတယ်။

ABC Radio Australia