Home » » ကော့သောင်း ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ အပြောနဲ့ အလုပ် မညီ (ပေးစာ)

ကော့သောင်း ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ အပြောနဲ့ အလုပ် မညီ (ပေးစာ)

Written By Unknown on Wednesday, June 5, 2013 | 7:39 PM

တနသာင်္ရီတိုင်း၊ကော့သောင်းမြို့တွင် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမတည်ဆောက်မီက ဓါတ်အားခ 200 ကျပ်နှုန်းဖြင့်သာ ပေးဆောင်ရမည်ဟု ကတိပေးပြီး မြို့တွင်းနေရာတွင် တည်ဆောက်ခဲ့ပါသည်။

အခုတည်ဆောက်ပြီးစီးသည်နှင့် ဓါတ်အားခ အား400ကျပ်နည်းပါးပေးဆောင်နေရပါသည်။
မြို့လယ်ခေါင်တွင် တစ်နေကုန်ဆူညံသံများဖြင့် လည်ပတ်နေသော်လည်း ဆင်းရဲသားရပ်ကွက်များတွင် မီးအချိန်မှန်မလာခြင်း၊ ဓါတ်အားနည်းခြင်းတို့ကြောင့် ပေးဆောင်နေရသော ဈေးနှုန်းနှင့် မကိုက်ညီမှုများကို အခုများကာလတွင် ခံစားနေရပါသည်။

လေးစားထိုက်ပါသောကော့သောင်းမြိုမိမြိုဖများ ထံသို့သမီးတစ်ခုတင်ပြချင်ပါသည်ရှင့်။
သမီးသည်ကော့သောင်းသူပါ။ အေးရိပ်ငြိမ်တွင်နေထိုင်ပါတယ်။ သမီးတို့မြို့တွင် ဦးကျော်လွင်ပိုင်ဆိုင်သော လျှပ်စစ်ဓါတ်အားစက်ရုံသည် တစ်ယူနစ် ၂၀၀ ကျပ်ဖြင့် ပေးပါမည်ဟုကတိပြုခဲ့သည်မှာ မြိုသူမြိုသားများအားလုံးသိပါသည်။

ယခုမည်မျှဖြင့်ကောက်ခံနေပါသနည်း ကိုလည်း အားလုံးသိပါသည်။ သို့သော် ယခု ၂၀၁၃ သည် ပြောင်းလဲတိုးတက်မှုဖြင့်လျှော်ညီစွာ လျှပ်စစ်ဓါတ်အားကို ၂၄ နာရီလိုအပ်ပါသည်။ ယခုဖြစ်စဉ်မှာ လျှပ်စစ်ဓါတ်အားခလည်း ဈေးမကျ၊ လျှပ်စစ်မီးလည်း မမှန်၊ လျှပ်စစ်ဗို့အားလည်း မမှန်သဖြင့် သမီးတို့ အောက်ခြေလူတန်းစားတရပ်အနေဖြင့် လျှပ်စစ်အသုံးအဆောင်များသော်လည်းကောင်း၊ ကတိပေးထားသော ၂၀၀ ကျပ်ဖြင့်မကောက်ခံ၍ အပိုသွင်းရသည်ဟုယူဆရသော အပိုထွက်ငွေများသော်လည်းကောင်း၊ ဆင်းရဲသားရပ်ကွက်ကို ရွှေးမျက်နှာလိုက်၍ မီးပျက်သဖြင့် လျှပ်စစ်မီး ပျက်သည့်ဒုက္ခကို ပူလောင်ခါးသီးစွာ သည်းခံနေရသည်ကို တစ်မြို့လုံးအသိပင်ဖြစ်ပါသည်။

ထိုကြောင့် မြိုမိမြိုဖများမှ တစ်မြိုလုံးကိုယ်စား သူဌေးဟုယူဆရသော ဦးကျော်လွင်ထံသို့ ပူလောင်ခါးသီးမှုများကို သဘာဝကျ ဖြစ်သင့်သော ဖြစ်ရပ်များအား တိုးတက်သော ဒီမိုကရေစီခေတ်၏ အရှိန်အဟုန်ဖြင့် လုပ်ယူဖန်တီးနိုင်ပါသည်ဟု ထင်ပါသည်။ ထိုကြောင့် မြိုမိမြိုဖများ မြို့နယ်ဥက္ကဌများ၊ တနသာင်္ရီတိုင်းတွင် သက်ဆိုင်သော ခရိုင်၊ တိုင်း၏ ဥက္ကဌများ ထံသို့ မျက်စိမှိတ်ကြည့်မနေဘဲ ကော့သောင်းသူကော့သောင်းသားများကိုယ်စား တမြို့လုံး သောက၊ဒုက္ခရောက်နေသည့် ဖြစ်ရပ်များအား ဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်ရှင်။

ကော့သောင်း မှ ပြည်သူတဦး