Home » » သမ္မတနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တွေ့ဆုံ

သမ္မတနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တွေ့ဆုံ

Written By Unknown on Tuesday, June 11, 2013 | 6:39 AM

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကိစ္စနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

RCSS/SSA နဲ့ မြန်မာအစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပါတယ်။ ဒါပေမဲ့ အပစ်ခတ် ရပ်စဲပြီးနောက်မှာလည်း အကြိမ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲထားပေမဲ့ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာဟာ နှစ်ဘက် အကြားမှာ ယုံကြည်မှု မတည်ဆောက် နိုင်သေးလို့ပဲလို့ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ တပ်မတော် ပါဝင်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ တွေ့ဆုံပွဲမှာ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် မပါဝင်တာနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ယောက်က မေးမြန်း ရာမှာ သူက အဲသလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အေ နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုအပ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆိုပါတယ်။

ကေအိုင်အေနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ ဘယ်သူ့ဘက်က အရင်စပြီး သဘောတူညီချက် ချိုးဖောက်ခဲ့တယ် ဆိုတာကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)