Home » » တံတားဟူသောအသံကြားရုံနှင့် မယုံနိုင်စရာခုန်၍တက် မိုးထက်ရောက် သွားသောဒလ မြေဈေး

တံတားဟူသောအသံကြားရုံနှင့် မယုံနိုင်စရာခုန်၍တက် မိုးထက်ရောက် သွားသောဒလ မြေဈေး

Written By Unknown on Thursday, June 13, 2013 | 3:42 PM

ရန်ကုန် တစ်ဖက်ကမ်းရှိ ဒလမြို့သည် ရေလမ်းခရီးသာရှိပြီး မြို့ပြဆန်မှု အလျဉ်းမရှိသော မြို့။နွေရာသီတွင် ရေချိုရှားပါးမှု ပြဿနာနှင့်မို့ အလုပ် လုပ်ရင်း ကျော တစ် နေရာစာအတွက် စဉ်းစားသူတို့ ထည့်မ တွက်ခဲ့သည့်နယ်မြေ။ ယခုတော့ ထိုနယ်မြေတွင်မှ အိမ်ခြံမြေဈေးနှုန်းသည် လွန် ခဲ့သည့်၇ နှစ်ကထက် အဆတစ် ရာကျော် တစ်ရှိန်ထိုး ဆိုင်းမဆင့်ဗုံမဆင့် တက်သွားခဲ့သည်။ထိုသို့ဈေးမြင့်တက်သွားခြင်းမှာ ရန်ကုန်ပန်းဆိုးတန်းမှ ဒလသို့တံတားထိုးမည်ဆိုသည့် အသံများကြားခဲ့ ချိန် လွန်ခဲ့သည့် တစ်နှစ်ခန့်ကစတင်ခဲ့ခြင်းဖြစ်သည်။

''ဒီလို ဈေးတက်တဲ့ အချိန်မှာ ရောင်းလိုက်ရတာပေါ့။ အရင်ကတော့ ဒလမြို့ထဲမှာနေတာ၊ အခုတော့ ဒလမြို့ ပြင်က သပြေကုန်းရွာ ကို ပြောင်းနေ တယ်။ အိမ်ရောင်း လိုက်တဲ့ပိုက်ဆံနဲ့ပဲ ကုန်စုံဆိုင်လည်းဖွင့်ထားတယ်'' ဟု မဝါဝါကပြောသည်။လွန်ခဲ့သော ၇ နှစ်ခန့်က ရှစ်သိန်းခွဲဖြင့် ဝယ်ထားသော သူမ၏ အိမ်နှင့်ခြံလေးကို ယမန်နှစ်နှစ် ကုန်ပိုင်းလောက်က သိန်းကိုးရာဖြင့် ရန်ကုန်မှလုပ်ငန်းရှင်တစ်ဦး လာဝယ်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မှ အငှားယာဉ်မောင်းကိုမျိုးဝင်းကတော့ လွန်ခဲ့သည်ငါးနှစ်ခန့်က ဒလမြို့တွင် ခြောက်သိန်းဖြင့်ဝယ်ယူထားသည့် မြေကွက်ကိုသိန်း ၂ဝဝ လာပေးဝယ်နေသည်ကို မရောင်းနိုင်ဟု ပြောသည်။ တစ်နှစ်ထက် တစ်နှစ် ဈေးတက် လာနိုင်၍ လှောင်ထားမည်ဟု ဆိုသည်။ဒလမြို့ပြဖွံ့ဖြိုးလာနိုင်မှုကြောင့် တခြားမြို့မှရင်းနှီမြှုပ်နှံသူတို့ မြို့တွင်းသို့ ဝင်နေရာယူလာပြီး မဝါဝါကဲ့သို့ဒေသခံ အများစုကတော့ မြို့ထဲအိမ်မြေများ ရောင်းကာ မြို့ပြင်ရောက်သွားသူများ လာ ကြောင်းအိမ်ခြံမြေပွဲစားတို့က ပြောသည်။

ဒလမြို့နယ် တာဝကြီးကျေးရွာ အိမ်ခြံမြေပွဲစားကိုသန်းဦးက ''ဒီမှာတံတားထိုးမယ်ဆိုပြီး အသံစကြားကတည်းက အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်လိုက်တာ။ ကျွန်တော် တို့ တော်တော်လေး ရလိုက်တယ်'' ဟု ဆိုသည်။ရပ်ကွက် ၂၄ ခုကျေးရွာပေါင်း ၂၂ ရွာရှိသည့်ဒလမြို့သည် လယ်လုပ်ကိုင် ခြင်း၊ စက်လှေကိုယ် ထည်ပြုလုပ်ခြင်း၊ စက်သမ္ဗန်မောင်းခြင်း၊ ဆိုင်ကယ် ကယ်ရီ ဆွဲခြင်းများဖြင့် အသက်မွေးဝမ်းကျောင်းသူ အနည်းစုရှိပြီးအများစုမှာ ရန်ကုန်မြို့ တွင်းလာရောက်စီးပွားရှာကြသူများ ဖြစ်သည်။

ဒလမြို့၏ မြို့ပေါ်မြေကွက်ပေါက် ဈေးမှာ ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်လျှင် ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၄ဝဝဝ ထိ ပေါက်ပြီးကျေးရွာများမှာ သိန်းရှစ် ရာခန့် ပေါက်ဈေးရှိနေ သည်။ ဒလအိမ်ခြံမြေများ ကို အမြင့်ဈေးများဖြင့် ဝယ်ယူထားသူ အများစုသည် ရန်ကုန်မှလုပ်ငန်းရှင် အများ စုဖြစ်ပြီးပြောင်း ရွှေ့နေထိုင်ခြင်း မရှိ၊ တစ် နှစ်ထက်တစ်နှစ် ဈေးမြင့် မားလာမှုအပေါ် ငွေကစားလို၍ ရင်းနှီးမြှုပ်နှံ ထားခြင်းဖြစ် ကြောင်း ဒလအိမ်ခြံမြေပွဲစားတို့က သုံးသပ် သည်။ ဆယ်မိနစ်ဆယ့် ငါးမိနစ်ခန့်ဖြင့် မြို့ တွင်းသို့ ရောက်နိုင်သော် လည်း ရေလမ်း ကြောင်းဖြစ်နေသည့် အတွက် ဖွံ့ဖြိုးမှု နှောင့်နှေးနေသည့် ဒလမြို့သည်တံတား ထိုးမည့်စီမံကိန်းမစခင် အသံဖြင့်ပင် ဈေး ကွက်ဖြစ်လာ၍ ရန်ကုန်မြို့ပေါ်ဈေးကွက် အားသက်ရောက်မှု ရှိကာ ဈေးကွက်မြေလို အပ်ချက်အတွက် ထွက်ပေါက် တစ်ခုဖြစ် လာနိုင်မလားဟု ထင်ကြေးများ ရှိခဲ့သည်။

''ဒလမြို့နယ်ကို တံတားထိုးပေး လိုက်ရင် ဒလမြို့မြေဈေး သာတက်လာမယ်။ ရန်ကုန်ရဲ့မြေဈေးကတော့ ဒီအတွက်ကြောင့် ကျလာစရာမရှိဘူး'' ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ စီမံမန်နေဂျာ ဦးရန်အောင်က ပြောသည်။ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကလည်း တံတား အခြေအနေကြောင့် ရန်ကုန်၏ အိမ်ခြံမြေဈေးအပြောင်းအလဲ မရှိနိုင်သလို စိတ်ဝင်စားသူအချို့နှင့် ငွေကစားလိုသူ အချို့သာယာယီ မျက်စိကျခြင်း ခံရနိုင် ကြောင်းပြော သည်။ရန်ကုန် မြို့ပြ၏ လက်ရှိမြေဈေးမှာ အိမ်နီးချင်းထိုင်းနိုင်ငံထက်ပင် သုံးဆခန့် တက်နေပြီး အိမ်ခြံမြေဈေးမြင့်မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့ တုံ့ဆိုင်းမှုရှိနေ သည်ဟုအကျိုးဆောင်တို့က ပြောသည်။ ဈေးမြင့်တက်ခြင်းသည် အာဏာပိုင် အသိုက်အဝန်းနှင့်ဆက်နွှယ်နေသည့် ရင်းနှီးမြှုပ်နှံသူအချို့မှ ဆုပ်ကိုင်ထိန်းချုပ် ထားခြင်းဖြစ်ပြီး ၇ဝ ရာခိုင်နှုန်း ၎င်းတို့ လက်ထဲတွင်ရှိနေသည်ဟု ဦးရန်အောင်က ပြောသည်။စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူဦး သိန်းဌေးမောင်က ''ရန်ကုန် အိမ်ခြံမြေ ဈေးကတော့ FDI Law (နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေ) မထွက်ခင်ကတည်း ကဈေးတက်နေတာ။ ပိုက်ဆံရှိတဲ့သူတွေ ပဲဝယ်စုကြတာဆိုတော့ ရန်ကုန် အိမ်ခြံမြေ ဈေးကကျသွားတော့မှာ မဟုတ်ဘူး'' ဟု သူ၏အမြင်ကို ပြောသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ကြာကြာလှောင်နိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံ လျှင်ရင်းနှီးမြှုပ်နှံသလောက် အကျိုးအ မြတ်ရနိုင်သည်ဟု ဆိုနေချိန်တွင် မြန်မာ နိုင်ငံ အိမ်ခြံမြေအကျိုးဆောင် များအသင်း မှ ပြန်ကြားရေးတာဝန်ခံ ဒေါ်မြတ်မြတ်မိုမိုကတော့ ဈေးနှုန်းများအဆမတန်မြင့်မား နေခြင်းများသည် ၂ဝ၁၅ ခုနှစ်ခန့် တွင် လျော့ပါး သွားနိုင်သည်ဟု သုံးသပ်ထားသည်။ဒေါက်တာမြင့်လှိုင်ကမူ ဒီမိုဝေယံ ဘလော့ဂ်တွင် ဒလစီမံချက်သာအကောင် အထည်ဖော်လိုက်ပါက ရန်ကုန်မြေဈေး သည် ဝယ်သူမရှိတော့ဘဲ လှောင်လက်တွေက ထိုးရောင်းလိုက်ခြင်းဖြင့် ရောင်း သူများပြီး ဝယ်လက်ပျောက်ကာ ဈေးကွက်ထိုးကျသွားနိုင်သည်ဟု ဆိုထားသည်။ ဒလ၏အိမ်ခြံမြေဈေးအမြင့်သို့ ဆွဲတင်ပေးခဲ့သည့် တံတားသစ်စီမံကိန်း မှာဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံကလုပ် ကိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များထံ သို့ ကမ်းလှမ်းမှုများရှိခဲ့\သည်ဟု ကြားသိခဲ့ ရသော်လည်း ယခုအချိန်ထိ မည်သည့် နိုင်ငံနှင့်မျှချိတ်ဆက်ကာ တံတားထိုးရန် သဘောတူထားခြင်းမရှိသေးဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။တံတားမည်သည့် အချိန်တွင် တည်ဆောက် ဖြစ်သည်ဖြစ်စေဒလမြို့၏ အိမ်မြေဈေးကတော့ ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ် အစွန်ပိုင်း ရပ်ကွက်ဈေးနှုန်း များနှင့် တူညီနေပြီဖြစ်သည်။

ဒဂုံဆိပ်ကမ်းမှာ ရန်ကုန်မြို့တွင်း သို့ ရောက်ရန် တစ်နာရီခန့် အချိန်ယူရပြီး ဒလမှာမိနစ်ပိုင်းမျှနှင့်ပင်ရောက်နိုင်သည်။ထိုမိနစ်ပိုင်းဖြင့်ရောက်နိုင်သည့် ဒလတစ်ဖက်ကမ်းရှိရန်ကုန်မြို့တွင်း တိုက် ခန်းများ၏ ဈေးနှုန်းမှာတော့ သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်းထိပင် ရှိ နေသည့်အတွက် အငှားယာဉ်မောင်း ကိုမျိုးဝင်းက နေ့စဉ် ဝင် ငွေထဲမှ စုကာ ကျပ် ခြောက်သိန်းဖြင့် ရင်းနှီးမြှုပ်နှံထား သည့် သူ၏မြေကွက်ကို ရန်ကုန်- ဒလ တံတားစီမံကိန်းကို မျှော်ကိုးပြီး ဆက် လှောင်ထားဦး မည်ဟု ဆိုသည်။

အိမ်စည်စိုးစံ၊ ရန်နိုင်

Popular Myanmar News Journal