Home » » ရန်ကုန်တွင် မြစ်ကူးတံတား အသစ် သုံးစင်း ထပ်မံတည်ဆောက်ရန်ရှိ

ရန်ကုန်တွင် မြစ်ကူးတံတား အသစ် သုံးစင်း ထပ်မံတည်ဆောက်ရန်ရှိ

Written By Unknown on Tuesday, June 4, 2013 | 3:39 PM

ရန်ကုန် ဇွန် -  ၃ ။           ။ရန်ကုန်မြို့တွင် ဘုရင့်နောင်တံတား အမှတ်(၂) တည်ဆောက်ပြီးစီးပါက မြစ်ကူး တံတားအသစ်သုံးစင်း ထပ်မံတည် ဆောက်ရန်ရှိကြောင်း အဆိုပါ ဘုရင့်နောင်မြစ်ကူး တံတားအမှတ် (၂)တည်ဆောက်ရေးမှ  အကြီးတန်း အင်ဂျင်နီယာတစ်ဦးမှ ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။ အဆိုပါ မြစ်ကူး တံတား အသစ်သုံးစင်းကို ရန်ကုန်တစ်ဖက် ကမ်း ဒလမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တစ်ဖက်ကမ်း အေးရွာနှင့် ဝါးတစ်ရာတို့တွင် တည်ဆောက် ရန်လျာ ထားကြောင်း သိရသည်။

အဆိုပါ အကြီးတန်းအင်ဂျင်နီယာမှူးက ''ရန်ကုန်မြို့ရဲ့ အနာဂတ်အစီအစဉ်အနေနဲ့ မြစ် ကူးတံတားအသစ်သုံးစင်း ထပ်မံ တည်ဆောက်ဖို့ရှိတယ်''ဟု ပြော သည်။ ယင်းက ဆက်လက်၍ အသစ်တည်ဆောက်မည့် မြစ်ကူး တံတားသုံးစင်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနမှ  နိုင်ငံတော်အစီ အစဉ်ဖြင့် ဆောက်လုပ်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ဒလမြို့နယ်အုပ်ချုပ် ရေးမှူးဦးထွန်းထွန်းဦးက''တံတား ကတော့ ရန်ကုန်-ဒလ တံတား ထိုးမယ်တော့ကြားတယ်။ အသေး စိတ်တော့ မသိရသေးပါဘူး''ဟု မကြာသေးမီ ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာနှင့် တွေ့ဆုံစဉ်က ပြောသည်။ ယင်းကဆက်လက်၍ တံ တား တည်ဆောက်မည်ဆိုလျှင် ရန်ကုန်ဘက်ခြမ်းကို ကြောင်လိမ် ပုံစံ တည်ဆောက်မည်ဖြစ်ကြောင်း၊ ဆောက်မည်ဆိုလျှင် ဘုရင့်နောင် မြစ်ကူးတံတားအမှတ်(၂) တည် ဆောက်ပြီးစီးသည့် နောက်ပိုင်း တွင် ဖြစ်လာနိုင်ကြောင်း ယင်းက ထပ်မံပြောသည်။

လက်ရှိတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းရန်နှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် လှိုင်မြစ်ကူး ဘုရင့်နောင်အမှတ် (၂)တံတားကိုတည်ဆောက်နေပြီး တည်ဆောက်မှုကာလမှ   အချိန် အားဖြင့် တစ်နှစ်ခွဲခန့်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

စိုင်းဟန် - Yangon Media Group