Home » » ထိုင်းဘုရင် သင်္ချိုင်းတော်ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ ပညာရှင်များ ပါဝင်မည့် ရှင်းလင်းပွဲ ကျင်းပပြု လုပ်မည်

ထိုင်းဘုရင် သင်္ချိုင်းတော်ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ ပညာရှင်များ ပါဝင်မည့် ရှင်းလင်းပွဲ ကျင်းပပြု လုပ်မည်

Written By Unknown on Friday, June 28, 2013 | 11:38 AM

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်  ကမ္ဘာကျော် တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သင်္ချိုင်း တွင်ရှိသော ထိုင်းဘုရင် သင်္ချိုင်းတော် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို     ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် မြန်မာပြည်မှ ထိုင်းဘုရင်ဂူ သင်္ချိုင်းတော် ပြုပြင်ထိမ်းသိမ်းရေး အဖွဲ့တို့က  ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် လင်းဇင်းကုန်း သင်္ချိုင်းတော်ရှိ ဇရပ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာပြည်အဖွဲ့ ထဲတွင်ပါဝင်သော ဦးခင်မောင်သန်း(သုတေသီ)ကပြောသည်။

“အဲဒီနေ့မှာ ထိုင်းဘုရင်ဂူနဲ့ ပတ်သက်တာတွေ၊ လင်းဇင်းကုန်း သုဿာန်နဲ့ ပတ်သက်တဲ့ အချက်အလက် တွေလည်း ပေးသွားမှာပါ။ မြန်မာပြည်က ပညာရှင်တွေပါရှိသလို ထိုင်းနိုင်ငံက ပညာရှင်တွေလည်းပါတာမို့ သိလိုတဲ့ အချက်အလက်တွေနဲ့ အတူ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း တိတိပပထုတ်ပေးနိုင်မှာပါ”လို့ ၄င်းကပြောသည်။

အမရပူရမြို့နယ်ရှိ ထိုင်းဘုရင်ဂူနှင့် သင်္ချိုင်းတော်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှင့် ဧပြီလမှ စတင်ကာ ယဉ်ကျေးမှုဝင်ကြီးဌာန၊ ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့၏ကူညီမှုတို့နှင့်အတူ ထိုင်းဘုရင်သင်္ချိုင်းတော်ပြုပြင်မွမ်းမံရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လင်းဇင်းကုန်းသုဿာန်သည် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းလက်ထက် သက္ကရာဇ်(၁၁၄၄)ခုနှစ် အမရပူရမြို့ နန်းတည်ခေတ်ကပင် တည်ရှိလာခဲ့သော ရှေးဟောင်းသုဿာန်မြေတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုဌာနမှထိမ်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပြီဒ “လင်းဇင်း”ဆိုသည်မှာလည်း လာအိုနိုင်ငံ ဗီယင်ချန်း(Vienchang or Lan Sang)ကို မြန်မာဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်ကြောင်းသိရသည်။
                                                                                                 
Myanmar News Now