Home » » ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှု လုံးဝမရှိဟုငြင်းဆို

ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှု လုံးဝမရှိဟုငြင်းဆို

Written By Unknown on Thursday, June 6, 2013 | 3:44 PM

ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက် ပိုမမွေးရဟူသော ဒေသန္တရအမိန့် အစိုးရသစ်လက်ထက်၌ ထုတ်ပြန်ထားခြင်းမရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ငြင်းဆိုသည်။

ယနေ့ နံနက် ၉း၃၀ နာရီက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

" ကျနော် လေ့လာချက်အရ ဒီအစိုးရလက်ထက်မှာ ဒီလိုကလေး (၂)ယောက်ပဲ ယူရမယ်ဆိုတဲ့ အမိန့် လုံးဝမရှိပါဘူး။ " ဟု ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည့်အတွက် ဇွန် (၄)ရက်နေ့ကလည်း စစ်တွေမြို့တွင် ရဟန်းသံဃာများ၊ လူမှုကွန်ယက်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ ၃၀၀၀ ထောင်ကျော် အဆိုပါ အမိန့်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အပြင်၊ မင်းပြားတွင် ဇွန်လ (၅) နေ့က လူ (၂၀၀၀ ) ခန့်နှင့် မြောက်ဦးတွင် လူ(၁၀၀၀) ကျော် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

by ဇင်ကီး (အာရ်ကန်တိုင်းမ်စ်)