Home » » တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

Written By Unknown on Thursday, June 6, 2013 | 4:24 PM

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်နိုင်မည်ဟု ပညာရေး အသိုင်းအဝိုင်းမှ သိရှိရသည်။ အောင်စာရင်း ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင် ရက်အတိအကျ မသိသေးပါဘူး ဇွန်လဆန်း စနေ၊ တနင်္ဂနွေ တစ်ရက်ရက်မှာ ထွက်မှာတော့ သေချာတယ်"ဟု ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင် ထုတ်ပြန်နိုင်ကြောင်း မကွေးတိုင်း ဒေသကြီး နတ်မောက် ဒုတိယမြို့နယ်
ညွှန်ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံ ကြားပါတယ်။

ဇွန် ၂ ရက်နေ့မှာ ပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာ အောင်စာရင်း သွားယူပြီး ကိုယ်ရုံးမှာမထားဘဲ ရဲစခန်း ဒါမှမဟုတ် လုံခြုံတဲ့ နေရာမှာ ထားရမှာပါ။ အခုထိတော့ ထုတ်ပြန်ထားတာ အတိအကျမရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။

အောင်စာရင်းထွက်ရှိမည့်ရက်ကို တရာဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဇွန်လ ၉ရက်နေ့တွင် ထွက်ရှိလာနိုင်ကြောင်း၊ အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး
ဦးအုန်းသွင် က ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်းတွင် မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိခဲ့ရာ မွန်ပြည်နယ်သည် အောင်ချက်အကောင်းဆုံး ဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှ သတင်း ရရှိသည်။

SkyNet TV