Home » » စမ်းချောင်းမြို့နယ်မှ ဟိုတယ်တစ်ခုတွင် မြွေရေခွံအိတ် ခေါင်းတွင်စွပ်လျှက် ဆရာဝန်တစ်ဦး သေဆုံးနေ

စမ်းချောင်းမြို့နယ်မှ ဟိုတယ်တစ်ခုတွင် မြွေရေခွံအိတ် ခေါင်းတွင်စွပ်လျှက် ဆရာဝန်တစ်ဦး သေဆုံးနေ

Written By Unknown on Tuesday, June 4, 2013 | 9:46 AM

ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့ နယ် ဟိုတယ်တခုမှာ စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင် စွပ်လျှက် ဆရာဝန်တဦး သေဆုံးနေကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက် တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊ (ဘ)ဦးစောထွန်းဖ၊ ဖြစ်တယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါသည်။

သေဆုံးသူသည် ဆရာဝန် ဆရာဝန်တဦး ဖြစ်ပြီး  ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ဟိုတယ်မှ တည်းခိုခန်းခ ရှင်းရန်အတွက် ဖုန်းဆက်ခြင်း၊ အပြင်မှ တံခါးခေါက်ခြင်းများ ပြုလုပ်ခေါ်သော်လည်း
မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာ မြွေရေခွံအိတ်အား ခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်။

၎င်း၏အခန်းအတွင်းအားစစ်ဆေးရာ ATC စာတမ်းပါပန်းရောင် ဆေးပြား(၄)ပြား၊ အဖြူရောင်ဆေးပြား (၂)ပြားတို့အားကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျက်တွေ့ရှိရသဖြင့် ၎င်းဆေးပြားများအား စစ်ဆေးပေးနိုင်ရေးဓါတုဗေဒ၀န်ရုံးသို့ ပို့အပ်ထားရှိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

သစ်ထူးလွင်