Home » » မုဒိမ်းမှု နှင့် သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေး ဟောပြော ရှုံ့ချပွဲများ ပြုလုပ်

မုဒိမ်းမှု နှင့် သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေး ဟောပြော ရှုံ့ချပွဲများ ပြုလုပ်

Written By Unknown on Tuesday, June 18, 2013 | 7:14 AM

ရန်ကုန်၊ ဇွန် ၁၇

၁၇.၆.၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် သုံးခွမြို့နယ်၊ ရေပေါ်ကန် ကျေုးရွာနေ ဦးထိန်ဝင်း (ဘ)ဦးမောင်လှမှ ဦးဆောင်၍ ပြည်သူ(၁၀၀)ဦးခန့်သည် ရေပေါ်ကန်ကျေးရွာ၊ ရွာလယ်လမ်းတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးထိန်ဝင်းမှ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေးနှင့် ပတ်သက်၍
ဟောပြောခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ၀၇၅၀ အချိန်ပြီးဆုံး ခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၀၉၀၀ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ ခလောက်တစ်ရာ ကျေးရွာအုပ်စု၊ အေးမြသာယာ ကျေးရွာနေ ဦးတင်ယု၊ (ဘ)ဦးစန်းနွဲ့မှ ဦးဆောင်၍ ပြည်သူ(၁၀၀)ဦးခန့် သည် အေးမြသာယာကျေးရွာရှိ အစည်းအဝေး ခန်းမတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးရှုံ့ချပွဲအား
တရားဝင်ခွင့်ပြု ချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးတင်ယုမှ မုဒိမ်းမှု များဖြစ်ပွားမှုအခြေအနေ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး ဆောင်ရန်/ ရှောင်ရန် အချက်များအား ဟောပြောခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ၁၀၀၀ အချိန်ပြီးဆုံး ခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၁၀၀၀ အချိန် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာနေ ဦးသန်းကျော်(ဘ)ဦးသင်းဖေမှ ဦးဆောင်၍ပြည်သူ (၁၅၀)ဦးခန့်သည် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ တောင်ပိုင်းဓမ္မာရုံအနီး မြသိန်းတန် ဘုရားကျောင်းရှေ့တွင် မုဒိမ်းမှုနှင့် သက်ငယ် မုဒိမ်းမှုများ မဖြစ်ပွားစေရန် သတ်မှတ် ဆိုင်းဘုတ်များကိုင်ဆောင်ကာ တရားဝင် ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးသန်းကျော်နှင့် ဦးသန်းဝင်းတို့မှ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး ၁၀၃၀ အချိန် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၁၀၀၅ အချိန် ဒလမြို့နယ်၊ ကမာကသွယ် ရပ်ကွက်နေ ဦးတင်ထူး၊ (ဘ)ဦးအေးမြင့်မှ ဦးဆောင်၍ ပြည်သူ (၇၅)ဦးခန့်သည် ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်၊ သမ္ဗာန်ဆိပ် အနီးကွင်းတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှု ပပျောက်စေရန် သတ်မှတ်ဆိုင်းဘုတ်များကိုင်ဆောင်ကာ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးတင်ထူးမှ မုဒိမ်းမှုနှင့် သက်ငယ် မုဒိမ်းမှုများ ကင်းစင်ပပျောက်ရေးအတွက်ဟောပြောပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ၁၁၀၀ အချိန် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၁၂၀၀ အချိန် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ (၃)ရပ်ကွက်နေ၊ ဦးမင်းဇော် (ဘ)ဦးသိန်းရွှေမှဦးဆောင်၍ ပြည်သူ (၂၀၀)ဦးခန့်သည် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ ၊ သန်လျင်-ကျောက်တန်းလမ်း ဘုရားကြီးတန်ဆောင်း အနောက်ဘက်မုခ်တွင် မုဒိမ်းမှုများနှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး အတွက် မုဒိမ်းမှုကျူးလွန်သူများအားရှုံ့ချကြောင်း တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ် ခဲ့ကြရာ ဦးမင်းဇော်၊ ဦးမြင့်သိန်း၊ ဦးဝင်းမောင်တို့မှ မုဒိမ်းမှုကျူးလွန်သူများအားရှုံ့ချခြင်း နှင့် မုဒိမ်မှုများမဖြစ်ပွါးစေရန် တားဆီးရေးလုပ်ငန်းများအား ဟောပြောခဲ့ပြီး သတ်မှတ်ဆိုင်းဘုတ်များ နှင့်ကြွေးကြော်သံများအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကာ ၁၂၅၅ အချိန် ပြီးဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။