Home » » ကျိုက္ကဆံသုသာန်ဗလီရှေ့တွင် အမျိုးသားတစ်ဦး သွေးအန်သေဆုံး

ကျိုက္ကဆံသုသာန်ဗလီရှေ့တွင် အမျိုးသားတစ်ဦး သွေးအန်သေဆုံး

Written By Unknown on Sunday, June 23, 2013 | 4:29 PM

ရန်ကုန်၊ ဇွန် ၂၂

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ သုသာန်ရှိ စွန်နီဂျာမေဗလီ ကျောင်းရှေ့တွင်
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ခန့်က လူတစ်ယောက် သွေးအန်သေဆုံး ခဲ့သည်ဟု အဆိုပါ ဆ/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။

သေဆုံးသူသည် သင်္ဃန်းကျွန်း မြို့နယ်၊ ဆ/က ရပ်ကွက်၊ ရတနာဒီပလမ်း၊ အမှတ်-၉၅/၁၁၄ နေ ဦးသံချောင်း (ခ) အန်ကာစူ ၄၇ နှစ်ဖြစ်ပြီး ၄င်းမိသားစု၏ ပြောပြချက်အရ သေဆုံးသူတွင် တီဘီ ရောဂါနှင့် ဆီးချိုရောဂါရှိကြောင်း သိရသည်။

ဦးသံချောင်းသည် နေ့လယ် ၁၂ နာရီ ဝန်းကျင်က ဝတ်ပြုချင်တယ် ပြောပြီး အိမ်မှထွက်သွားရာ ဘုရားကျောင်းရှေ့ အရောက်တွင် မောသည်ဟု ပြောပြီး
ကျောင်းရှေ့ရှိ ထိုင်ခုံတွင် ခေတ္တနားနေစဉ် သွေးအန်ပြီး သေဆုံးခြင်းဖြစ်သည်။
"ပါးစပ်ကရော နှာခေါင်းကပါ သွေးအန်ပြီး သေဆုံးသွားတာပါ" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၁၂/၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly