ယခုအခါမုံရွာမြို့နှင့်မန္တလေး မြို့အကြားပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် ယာဉ်ပေါ်သို့ကြားဖြတ်လိုက်ပါ်၍ ခရီးသည်များထံအလှူခံစာရွက်များ ဝေငှကာအလှူခံနေမှုများရှိနေကြောင်း သိရသည်။အဆိုပါအလှူခံပုဂ္ဂိုလ် သည်ညောင်ပင်ဝန်းရွာနှင့်နုံးတွင်း ကျေးရွာများရှိစားသောက်ဆိုင်၌ ယာဉ်များထမင်းစားရပ်ချိန်တွင် တက်ရောက်လိုက်ပါလာကြောင်း လမ်းခရီးတစ်ဝက်သို့ရောက်ချိန်တွင် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များထံအလှူခံစာရွက်များ လိုက်လံဝေငှကြောင်းတတ်စွမ်းသမျှ လှူဒါန်းကြရန်နှိုးဆော်ပြီးအလှူခံ စာရွက်များကိုပြန်လည်လိုက်လံ သိမ်းဆည်းကာအလှူငွေများခံယူ နေကြောင်းသိရသည်။
““စီးလာတဲ့ကားကနုံးတွင်း ကျေးရွာကစားသောက်ဆိုင်မှာ ထမင်းစားနားတယ်။ကားထွက် လာတော့အဲဒီအလှူခံပုဂ္ဂိုလ်က ကားပေါ်မှာပါလာတယ်။လမ်းမှာ တော့အလှူခံစာရွက်တွေကိုခရီး သည်တွေဆီလိုက်ဝေတယ်။နောက်လိုက်ပြီးအလှူခံတယ်။ခရီး သည်တွေကအားနာပြီးတစ်ရာ၊ နှစ်ရာတော့လှူကြတယ်။တော်တော်လေးတော့ရသွားတယ်။ ကားပေါ်မှာသံဃာတော်တစ်ပါး ပါလာတယ်။အဲဒီဆရာတော် လေးကအလှူခံပုဂ္ဂိုလ်ကိုဖုန်းကင်မရာ နဲ့ဓါတ်ပုံရိုက်ယူတယ်။သူ့ကိုလူ တွေကဂရုပြုမှန်းလည်းသိရော အုန်းတောရွာနားမှာကားရပ်ခိုင်း ပြီးကပျာကရာဆင်းတယ်။””ဟု ရွှေနိုင်ငံခရီးသည်တင်ယာဉ်နှင့်လိုက် ပါလာသည့်မုံရွာမြို့မှခရီးသည် တစ်ဦးကပြောပြသည်။
ခရီးသည်တင်ယာဉ်လိုင်းများ အနေဖြင့်လည်းအလှူခံသည့်ပုဂ္ဂိုလ် များ၊ဈေးရောင်းချသူများအား ခရီးသွားပြည်သူများအားစိတ်အနှောက် အယှေက်ဖြစ်စေသဖြင့်ယာဉ်ပေါ် သို့လိုက်ပါခြင်းကိုခွင့်မပြုသင့်ကြောင်း နှင့်အလှူခံစစ်မစစ်သက်ဆိုင်ရာ ကစီစစ်သင့်ကြောင်းခရီးသည်များ ကပြောဆိုလျက်ရှိနေကြကြောင်း သိရသည်။
နန္ဒမင်းလွင် - The Hot News Weekly