Home » » ရေနစ်သူကို ဆယ်ယူသူ ရေနစ်သေဆုံး

ရေနစ်သူကို ဆယ်ယူသူ ရေနစ်သေဆုံး

Written By Unknown on Tuesday, June 25, 2013 | 7:08 PM

ဖြူး၊ ဇွန် ၂၄

တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ရေအိုးစင်ကျေးရွာအနီး ကွင်းချောင်းတွင် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဝါးဖောင်မြုပ်၍ ရေနစ်နေသူကို လိုက်လံ ဆယ်ယူသူ တစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

လူငါးဦး ပဲခူးရိုးမ တောင်ပေါ်တွင် ဝါးခုတ်ပြီး ကွင်းချောင်းမှ ဖောင်ဖွဲ့၍ ကညွတ်ကွင်းမြို့သို့ မျှောလာ စဉ် ညောင်ပင်သာ ကျေးရွာအုပ်စု ရေအိုးစင် ကျေးရွာအုပ်စုအနီး ကွင်းချောင်ဝဲတွင် ဖောင် နစ်မြုပ်ကာ ဖောင်ပေါ်ပါသူ ဦးလှမိုးခိုင် ရေနစ်သဖြင့် ဖောင်ပေါ်တွင် အတူပါလာသူများက ဝိုင်းဝန်းဆယ်ယူရာတွင် ရေနစ်သူကို ဆယ်နိုင်ခဲ့သော်လည်း ဝိုင်းဝန်း ဆယ်ယူသည့် ဦးဝင်းနိုင်ထွန်း ရေနစ် သေဆုံးခဲ့ကြောင်း ညောင်ပင်သာ ရဲတပ်ဖွဲ့စခန်း၏ ကနဦး တိုင်တန်းချက်များအရ သိရှိရသည်။

ရေနစ် သေဆုံးသူ ဦးဝင်းနိုင်ထွန်း၏ အလောင်းကို ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တွေ့ရှိခဲ့ ကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ ရေနစ် သေဆုံးမှုကို သေမှု သေခင်းအမှတ် ၄/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ညောင်ပင်သာ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly