Home » » ပန်းတောင်း လယ်မြေအရေး လှုပ်ရှားသူ သေဆုံး

ပန်းတောင်း လယ်မြေအရေး လှုပ်ရှားသူ သေဆုံး

Written By Unknown on Tuesday, June 11, 2013 | 6:27 AM

ပန်းတောင်း မြို့နယ်က လယ်ယာမြေ အငြင်းပွာမှု နဲ့ပတ်သက်ပြီး ဦးဆောင် လှုပ်ရှားသူ ကိုသန်းထွန်းဟာ အခြား အမှု တခုနဲ့ ဖမ်းဆီးခံ နေရစဉ်၊ အချုပ်ထဲ ၄ ရက် မြောက်နေ့မှာ ဒဏ်ရာ တွေနဲ့ သေဆုံး သွားခဲ့ ပါတယ်။

မြို့နယ် တရားရုံး ကို ဇနီးဖြစ်သူ ဒေါ်မြင့်ဌေးက စခန်းမှုး ဦးဆန်းလင်းကို ဦးတိုက် လျှောက်ပြီး တရားစွဲ ခဲ့ ပေမဲ့ အမှု့ ကို မေလ(၂၈)ရက်နေ့က တရား ရုံးက ပလပ် ခဲ့တာ ကြောင့် ဒီအမှု ကို ပြည်ခရိုင် တရားရုံး မှာ ထပ်ပြီး လျှောက် ထားမယ်လို့ သိရပါတယ်။

ပန်းတောင်း မြို့နယ် တရား ရုံးက တရား စွဲတာ လက်မခံလို့ မနက်ဖြန် ဇွန်လ ၁၁ ရက် မှာတော့ သေဆုံးသူရဲ့ မိသားစုဝင် တွေကနေ ပြည်ခရိုင် တရား ရုံးကို ဦးတိုက် လျှောက်ထား တော့မယ်လို့ ဒီအရေးကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ လူအခွင့်အရေး လှုပ်ရှားသူ ကိုမင်းမင်းက ပြောပါတယ်။

သေဆုံးသူမှာ ရထားတဲ့ ဒဏ်ရာတွေ ဟာသံ သယဖြစ် စရာ ရှိ တာကြောင့် အခု လို ဆက်လက် တိုင်ကြား ရတာ ဖြစ် တယ်လို့ ကိုမင်းမင်းက ပြောပါတယ်။ အခု ဖြစ်ရပ် ဟာ ပန်းတောင်း မြို့နယ် ထဲမှာ ဖြစ်ပွား နေတဲ့ မြေယာ အငြင်းပွား မှုတွေ နဲ့ ပတ်သပ်မှု ရှိတယ်လို့ လူအခွင့် အရေး လှုပ်ရှား သူတွေ ဘက်က ပြောပါတယ်။

ပြည်ခရိုင် ပန်းတောင်း မြို့နယ် ကြာအင်း ရွာက လယ်သမား ကိုသန်းထွန်းဟာ အမျိုးသား သယံဇာတ ဖွံ့ဖြိုးရေး ကုမ္ပဏီက ကျွန်းပင် စိုက်ထားတဲ့ နေရာမှာ သူပိုင် ငါပိုင် အ ငြင်းပွား ကြရင်း၊ အပင် ခုတ်လို့ ကုမ္ပဏီက တရားစွဲ ခံခဲ့ရ လယ် သမား ၁၇ ယောက် ထဲက တစ်ဦး ဖြစ်ပါတယ်။

ပန်းတောင်း မြို့နယ် စခန်းမှူး ဦးဆန်းလင်း ကတော့ အရက်ကြောင် ကြောင်ပြီး ဖြစ်တာလို့ ပြောပါတယ်။ အမှုကို နဲ့ ပတ်သက်ပြီး သေမှု သေခင်း ဖွင့်ထားကာ တရားရုံး ကိုလည်း တင်ထား တယ်လို့ ဆိုပါတယ်။

ကိုသန်းထွန်း သေဆုံးမှုကို မိသားစု ဝင်တွေနဲ့ လူအခွင့် အရေး လှုပ်ရှားသူတွေ ဘက်ကတော့ ရဲတပ်ဖွဲ့ဝင် တွေက ရိုက်နှက် စစ်ဆေးရာ ကနေ သေဆုံး သွားတာ ဖြစ် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ ရှိပါတယ်။

ရဲဖက်က ပြောသလို အရက်ကြောင် နေတာကြောင့် အခုလို ဖြစ်တယ် ဆိုခဲ့ရင်၊ မျက်နှာ တခုလုံး ဖူးယောင်ပြီး တကိုယ်လုံး ထိခိုက် ဒဏ်ရာတွေ ပြင်းပြင်း ထန်ထန် ရလောက် အောင်တော့ လုပ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)