Home » » မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း

မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း

Written By Unknown on Friday, June 14, 2013 | 11:45 AM

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ ကျောင်းသားတွေနဲ့  အရပ်သား ပြည်သူ (၇) ယောက်ကို အာဏာပိုင်တွေက ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့  ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ ကိုတော့  သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့  ဟောင်ကောင် အခြေစိုက် အာရှလူ့ အခွင့်အရေးကော်မရှင် AHRC က  မနေ့ က ကြေညာချက် ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ နဲ့  ၆ ရက်နေ့ မှာ မုံရွာခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်တချို့ ကို ဒဏ်ငွေရိုက် ပြစ်ဒဏ် ချမှတ်ခဲ့တာနဲ့ လက်ပန်းတောင်းတောင် ကာကွယ်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်ကို ထောင် ၁ နှစ်ချလိုက်တာ၊ လက်ပန်းတောင်း ဒေသခံတွေကို ကူညီတဲ့ ကိုအောင်စိုးနဲ့ ရွာသားတချို့ကို ဖမ်းဆီးထောင်ချလိုက်တာကို AHRC အဖွဲ့ ကပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ကိုအောင်စိုးနဲ့  ရွာသား ၂ ယောက်ကို ဘယ်ထောင်မှာပို့ ထားတယ်ဆိုတာ သက်ဆိုင်ရာက တရားဝင်မပြောသလို၊ မိသားစုတွေ နဲ့ လဲတွေ့ခွင့်မပြု၊  ဥပဒေအရ အကာအကွယ်ပေးမယ့် ရှေ့နေတွေနဲ့ လဲ ပေးမတွေ့ ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းရေး ကော်မရှင်အနေနဲ့  ရဲတပ်ဖွဲ့ ရဲ့အကြမ်းဖက် ဖြိုခွဲမှုကို မျက်ကွယ်ပြုလိုက်သလို၊ အကြမ်းဖက်မှုကို ညွှန်ကြားတဲ့အရာရှိတွေကို ဘယ်လို အရေးယူ ဆောင်ရွက်သင့်တယ်ဆိုတဲ့ တစုံတရာ အကြံပြုထားတာ အစီရင်ခံစာမှာ မတွေ့ ရဘူးလို့ ဆိုပါတယ်။

အစီရင်ခံစာမှာ ဒေသခံလယ်သမားတွေ ကို လျော်ကြေးပေးဖို့ ပဲအကြံပြုထားပြီး၊ စီမံကိန်းက ဖြစ်လာမယ့်ဆိုးကျိုး အတွက် ဘာတွေဆောင်ရွက် သင့်တယ်ဆိုတာလဲ အကြံပြုချက်မပါရှိဘူးလို့  AHRC အဖွဲ့ကပြောလိုက်ပါတယ်။

ဒါပေမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပြုဖို့ အခွင့်အလန်းရှိသေးတယ်လို့ လဲ AHRC အဖွဲ့က ထောက်ပြထားပါတယ်။

RFA Burmese