Home » » အိမ်ဖော်ကို သားမယား ပြုသည်ဆိုကာ ဟင်္သာတ ခရိုင် သာသနာရေးမှူး ဌာနဆိုင်ရာ အရေးယူမှုခံရ

အိမ်ဖော်ကို သားမယား ပြုသည်ဆိုကာ ဟင်္သာတ ခရိုင် သာသနာရေးမှူး ဌာနဆိုင်ရာ အရေးယူမှုခံရ

Written By Unknown on Thursday, July 4, 2013 | 2:16 PM

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းသည်၎င်း၏အိမ်ဖော် အရွယ်မရောက်သေးသူ မ—–အား အလိုမတူဘဲသားမယား အဖြစ်ပြုကျင်ခဲ့သောကြောင့် အရေးယူပေးပါရန်မရွှန်းဝေသော် ၏ အစ်မ၀မ်းကွဲဖြစ်သူ ဟင်္သာတ မြို့၊ ဘုရားကြီးရပ်ကွက်နေ ဒေါ်—–က သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံတိုင်ကြား ခဲ့ခြင်းနှင့် ပတ်သက်၍ သာသနာ ရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ် ရေးရုံးမှာ ရုံးထိုင်ပြီး ဟင်္သာတမြို့ နယ်တရားရုံးမှ တရားလွှတ်တော် ရှေ့နေနှင့် အထက်တန်းရှေ့နေ၊ ဟင်္သာတမြို့နယ်၊ အမှတ် (၁) ရဲစခန်း၊ စခန်းမှူး၊ ဘုရားကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အပါ အ၀င်သက်သေ ၁၉ ဦးတို့ကို အသေးစိတ်စစ်ဆေးကြောင်း သိရှိရသည်။

 အမှတ် (၁) ရဲစခန်းမှ ရန်ကုန်မြို့၊ ပုဇွန်တောင်၊  ၅၁ လမ်းရှီ ဆုပြည့်ဆေးခန်းအထိ သွားရောက်ပြီး စစ်ဆေးချက်များ ရယူခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရဦးသန်းထွန်းသည်   သာသနာရေးဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခြင်း၊ ပြည်သူလူထု အကြည်ညိုပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း  တွေ့ရှိရသဖြင့် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ ထိရောက်ဆုံးသော  ပြစ်ဒဏ်ချမှတ်သင့်ကြောင်း စုံစမ်း  စစ်ဆေးရေးအဖွဲ့က တင်ပြခဲ့ကြောင်း  သိရှိရပါသည်။

၎င်းအား မူလရာ ထူးတာဝန်မှယာယီရပ်ဆိုင်းထား ကြောင်းလည်း သိရသည်။  ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းကို တရားစွဲဖို့ရဲတပ်ဖွဲ့ က မြို့နယ်ဥပဒေအရာရှိထံ တင်ပြထားပြီးဖြစ်ကြောင်း သိရ သော်လည်းအရေးယူဆောင်ရွက်  မှုနှောင့်နှေးနေသောကြောင်း သိရသည်။

ဟင်္သာတမှ ဦးဓမ္မ

Hot News Weekly